နေပြည်တော်၊ နိုဝင်ဘာ ၁၉၁၇-၁၁-၂၀၁၃ ရက်နေ့ ၁၇၃၀ အချိန် စေတုတ္တရာမြို့နယ်၊ ဖျဉ်းကြီးကျေးရွာနေ မင်းမင်းထွန်း(ခ)ဖေစိန်(၂၅)နှစ်မောင်းနှင်ပြီး တစ်ရွာတည်းနေ စန်းမြင့်ကို(၂၇)နှစ် လိုက်ပါလာသည့် ဆိုင်ကယ်သည် ခွင်းချောင်းကျေးရွာမှဆောမြို့ဘက်သို့မောင်းနှင်လာစဉ် ခွင်းချောင်းကျေးရွာနှင့် ဆောမြို့ကြားရှိ ယာယီတံတားပေါ်သို့အရောက်၌ တံတား၏ယာဘက်ခြမ်းသို့ပြုတ်ကျခဲ့သည်။ ထိုသို့ ပြုတ်ကျမှုကြောင့် မင်းမင်းထွန်းမှာ ယာဘက်နောက်စေ့(၁)လက်မခန့်ပေါက်ပြဲ/ယာဘက်ဒူးခေါင်း ပေါက်ပြဲဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ပြီး စန်းမြင့်ကိုတွင် ၀ဲဘက်ဒူးခေါင်း/ဦးခေါင်းယာဘက်ခြမ်း နာကျင်၊ ယာဘက်ရင်ဘတ်အောင့်ဒဏ်ရာများရရှိခဲ့သောကြောင့် ဆိုင်ကယ် မဆင်မခြင်မောင်းနှင်သူ မင်းမင်းထွန်းအား ဆောမြို့မရဲစခန်း ယာဉ်(ပ)၇/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
အေးချမ်းမွန် Credit To >ရဲဇာနည်https://www.facebook.com/excellencemedia
Post a Comment