ရုပ်ရှင်သရုပ်ဆောင်သာမက ဂီတဘက်မှာလည်း ပရိသတ်အားပေးမှုကို ရရှိထားတဲ့ ဆုပန်ထွာက လတ်တ လော သီချင်းဆိုဖို့ ခရီးတွေ ဆက်တိုက် ထွက်နေ ရကြောင်း ပြောပြခဲ့ပါတယ်။” မပန်ကို ရုပ်သံဇာတ်လမ်းတွဲ လာအပ် ပေမယ့် ငြင်းလိုက်ရတယ်။အဓိကအကြောင်းကတော့ လာအပ်တဲ့အချိန်က တအားကပ်သွား လို့ပါ။ ဒီဘက်မှာ အလုပ်တွေ များနေတာလည်း ပါပါတယ်” လို့ ပြောပြခဲ့ပါတယ်။ မပန်အရင်က ရိုက်ကူးဖူးတဲ့ စီးရီးတွဲနဲ့ ပတ်သက်ပြီး ပရိသတ်ရဲ့ တုံ့ပြန်မှုအခြေအနေ ကို မေးကြည့်တော့ Happy Beach ကိုတအား ကြိုက်ကြတယ်။ ထပ်ပြီးရိုက်ဖို့ ပရိသတ်တွေက တောင်းဆိုပေမယ့် မပန်စီးပွားရေးကိစ္စတစ်ခု ကြောင့် အချိန်မပေးနိုင်သေး လို့အခုလာအပ်တဲ့ စီးရီးကိုငြင်းလိုက်ရတာပါ” လို့ ပြောပြခဲ့ပါတယ်။
စီးပွားရေးဘက် အချိန်ပိုပေးဖြစ်မယ်ဆိုတော့ ဘယ်လိုစီးပွားမျိုးလုပ်မှာလဲလို့ မေးကြည့်တော့ ” ဆေးလိပ်ဖြတ်ချင်တဲ့လူတွေအတွက် အဓိကထားပြီးလုပ်မယ်။ မပန်က အခု မှစပြီးလုပ်ရမှာဆိုတော့ စီစဉ်ရ ဦးမယ်အတိအကျမပြောနိုင်သေးဘူး။ လုပ်တာတော့ လုပ်မယ်။ အခုက တော်တော်များများအမျိုးသားတွေက ငယ်ငယ်လေး ကတည်း ကနေစပြီး ဆေးလိပ်သောက်ကြတာ။ ကျန်းမာရေးနဲ့ မညီညွတ်ဘူးလေ။ ဒါကြောင့် ဆေးလိပ်ဖြတ်ချင်သူတွေအတွက် မပန်ကလုပ်ပေးချင်တဲ့သဘောပါ” လို့ ပြောပြခဲ့ ပါတယ်။
စီးပွားရေးကအတွေ့အကြုံ မရှိတော့ စစလုပ်ရမှာ တာဝန်ကြီးတယ်လို့ ခံစားမိလားလို့ မေးကြည့်တော့ ” မနန္ဒာလှိုင်နဲ့ တိုင်ပင်ပြီး တော့ သူ့ဆီမှာ အကြံဥာဏ် သွားတောင်းတယ်။ မနန္ဒာလည်း မပန်ကို အကြံကောင်းတွေပေးတယ်။ မနန္ဒာလှိုင်နဲ့ သွားတွေ့တာ မပန်အတွက်အကျိုးရှိပါတယ်။ သူကအရင်တုန်းကလိုပဲ တအားလှ တယ်။ သူ့ကို ဓာတ်ပုံတွေ အမှတ်တရပြန်ရိုက်ပါလားလို့တောင် ပြောဖြစ်သေးတယ်။ သူကတော့ အသက်ကြီးလာရင် စီးပွားရေး လုပ်ငန်းတစ်ခုရှိဖို့ အရေးကြီး တယ်ပြော လို့ စီးပွားရေးပဲလုပ်တော့မယ်” လို့ ပြောပြခဲ့ပါတယ်။
ထူးထူး
အေးချမ်းမွန် Credit To > Popular Journal

Post a Comment