0


Created on Wednesday, 20 November 2013 01:04

လက်ရှိ မြန်မာနိုင်ငံတွင် ရင်သားကင်ဆာ ဖြစ်ပွားမှုနှုန်းမှာ အမျိုးသမီးလူဦးရေ တစ်သိန်းတွင် ၁၂၅ ဦးခန့် ဖြစ်ပွားနေကြောင်း 'ရင်သားကင်ဆာနှင့် မျှော်လင့်ချက်' ဟောပြောပွဲတွင် ပြောကြားချက်များအရ သိရသည်။
ရင်သားကင်ဆာသည် စောစီးစွာ သိရှိပါက အသက်ဆက်လက် ရှင်သန်နိုင်မှုမှာ ၉၀ ရာနှုန်းအထိ ရှိနေသော်လည်း ဝေဒနာရှင်အများစုမှာ အသိနောက်ကျခြင်းများကြောင့် အသက်သေဆုံးရသည်အထိ ရှိနေကြောင်း ယင်းဟောပြောပွဲတွင် ဒေါက်တာဝင်းမြင့်၏ ပြောကြားချက်အရ သိရသည်။

"ရင်သားကင်ဆာဖြစ်တဲ့သူ အများစုက ဆေးရုံရောက်လာရင် နောက်ဆုံးအဆင့်နဲ့ ရောက်လာကြတာ များတယ်။ ဘာလို့လဲဆိုတော့ ရင်သားကင်ဆာဖြစ်ရင် အဓိကက ရင်သားက မနာဘူး။ လူနာတွေ အနေနဲ့လည်း မိမိရင်သားကို ပုံမှန်စမ်းသပ်မှုတွေ မပြုလုပ်မိတဲ့ အခါကျတော့ အထဲမှာ အဖုအကျိတ်တွေ ရှိနေမှန်းလည်း သတိမထားမိကြဘူး။ အဲဒါနဲ့ အသိနောက်ကျပြီး နောက်ဆုံး ရင်သားတွေ ခွဲထုတ်လိုက်ရတဲ့အထိ၊ တချို့ဆိုရင် နောက် ဆုံး သေဆုံးတဲ့အထိ ဖြစ်သွားတယ်။ တကယ်ဆိုရင် ရင်သားကင်ဆာက ကိုယ့်မှာအကျိတ်တွေရှိတာ အစောကြီးသိမယ်ဆိုရင် အသက်ရှင်သန်နိုင်မှုက ၉၀ ရာနှုန်းအထိ ရှိတယ်"ဟု ဒေါက်တာဝင်းမြင့်က ဆက်လက် ပြောကြားသည်။
ရင်သားကင်ဆာဖြစ်ပွားပါက လက္ခဏာများမှာ ရင်သားအပေါ်ယံ အရေပြား ချိုင့်ခြင်း၊ တွန့်ခြင်း၊ ဖောင်းခြင်း၊ အရေပြားတွင် နှင်းခူကဲ့သို့ အနာများ ဖြစ်ပွားခြင်း၊ ရင်သားမှ အရည်ကြည်များ ထွက်ရှိခြင်းနှင့် ရင်သားထိပ်ခေါင်း အတွင်းသို့ ချိုင့်ဝင်နေခြင်း၊ နီရဲခြင်း၊ ရောင်ခြင်းနှင့် နာခြင်းတို့ ဖြစ်ပေါ်ပြီး ချိုင်းနှင့် ရင်သားတွင် အကျိတ်များ ဖြစ်ပေါ်တတ်ကြောင်း . . .

ရင်သားကင်ဆာသည် အသက် ၄၀ နှင့်အထက် အမျိုးသမီးများတွင် ဖြစ်ပွားမှုနှုန်း ပိုမိုများပြားပြီး အမျိုးသားများနှင့် အသက်၂၀ အထက် အမျိုးသမီးများတွင် ဖြစ်ပွားမှုနှုန်းမှာ နည်းပါးကြောင်းနှင့် ဖြစ်ပွားရခြင်း အကြောင်းအရင်းမှာ မျိုးရိုးဗီဇကြောင့်သော် လည်းကောင်း၊ အီစထရိုဂျင် ဟော်မုန်းများပြားသူများနှင့် သားဥအိမ် ကင်ဆာဖြစ်ပွားဖူးသူများတွင် ဖြစ်ပွားနိုင်ခြေ ပိုမိုများပြားကြောင်း သိရသည်။

ရင်သားကင်ဆာဖြစ်ပွားပါက လက္ခဏာများမှာ ရင်သားအပေါ်ယံ အရေပြား ချိုင့်ခြင်း၊ တွန့်ခြင်း၊ ဖောင်းခြင်း၊ အရေပြားတွင် နှင်းခူကဲ့သို့ အနာများ ဖြစ်ပွားခြင်း၊ ရင်သားမှ အရည်ကြည်များ ထွက်ရှိခြင်းနှင့် ရင်သားထိပ်ခေါင်း အတွင်းသို့ ချိုင့်ဝင်နေခြင်း၊ နီရဲခြင်း၊ ရောင်ခြင်းနှင့် နာခြင်းတို့ ဖြစ်ပေါ်ပြီး ချိုင်းနှင့် ရင်သားတွင် အကျိတ်များ ဖြစ်ပေါ်တတ်ကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ကင်ဆာဖြစ်ပွားသူဦးရေ နှစ်စဉ် မြင့်မားလာပြီး မြန်မာနိုင်ငံအပါအ၀င် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကင်ဆာကြောင့် သေဆုံးသူဦးရေမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ခန့်မှန်း တွက်ချက်မှုများအရ လူဦးရေသုံးသန်းအထက်တွင် ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကင်ဆာဝေဒနာရှင်များကို ကုသပေးနေသည့် ကင်ဆာဌာနကြီး သုံးခုဖြစ်သည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မန္တလေး ပြည်သူ့ဆေးရုံကြီးနှင့် တောင်ကြီး စ၀်စံထွန်း ဆေးရုံကြီးများတွင် တစ်နှစ်လျှင် ပျမ်းမျှ လူနာသစ် ၇၀၀၀ ကျော်ရှိနေပြီး ကုသမှုအပိုင်းနှင့် လူနာဦးရေမှာ ကွာဟချက်များစွာ ရှိနေကြောင်း သိရသည်။

ဦးလှထွန်း မေတ္တာရိပ်မွန်(ကင်ဆာ)ဖောင်ဒေးရှင်းတွင် တက်ရောက်ကုသနေသည့် ဝေဒနာရှင်တစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်)

အေးချမ်းမွန် Credit To >Eleven Media Grouphttps://www.facebook.com/excellencemedia

Post a Comment

 
Top