ငရဲသား ဆိုသည့် မြန်မာရုပ်ရှင် ဇာတ်ကားဖြင့် အကယ်ဒမီ ထူးချွန်ဆု၊ အကယ်ဒမီရွှေစင်ရုပ်တုကို သိမ်း ပိုက်ထားနိုင်ခဲ့သည့် အကယ်ဒမီ အောင်ခိုင် သည် ရုပ်ရှင်လောက တွင် ဖြတ်သန်းခဲ့သည့် အတွေ့အကြုံများအရ တက်ရောက်ခဲ့ဖူးသည့် အကယ်ဒမီ ဆုချီးမြှင့်ပွဲ အခမ်းအနားများစွာ ရှိခဲ့ ပြီဖြစ်သည်။ ထို့ကြောင့်လည်း ယခုနှစ် ၂ဝ၁၂ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန် ဆုပေးအပ်ပွဲကြီးအတွက် ယခုလိုပင် အကြံပြုစကားဆိုခဲ့သည်။
“အခု ဦးအောင်ခိုင်ဆောင်း ပါးတစ်ခုလည်း ရေးနေပါတယ်။ ‘ရွှေ ကြက်ဖ ရုပ်ရှင်ပွဲတော်ကြီးဆီမှနေ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲသို့’ ဆို ပြီး ရေးနေ ပါတယ်။ ဆိုလိုတာ မနှစ် က အဆင်မပြေအသံတွေ အများ ကြီး ပြန်ကြား ခဲ့ရတယ်။ ဒီနှစ်မှာ တော့ ရွှေကြက်ဖရုပ်ရှင်ပွဲတော်က ပြန်လာတဲ့အချိန်မှာ Report ပြန် တင်တဲ့အချိန်မှာ ဦးအောင် ခိုင်အကြံ ပြုထားတာ ရှိပါတယ်။
အခုထပ်ပြီး တော့လည်း ပေါ်ပြူလာဂျာနယ်က နေ ပြောချင်ပါတယ်။ အဲဒါ ဘာလဲ ဆိုတော့ တရုတ်ပြည်က ရွှေကြက်ဖ ပွဲတော်ဆိုတာ
ဦးအောင်ခိုင် တို့ဆီမှာ ဆိုရင် အကယ်ဒမီဆုပေးတာပါပဲ။ အဲဒီမှာ သူတို့တွေ ရဲ့စင်ဆောက်ထား တဲ့ ပုံစံတွေကို အများကြီး ကြုံတွေ့ ခဲ့ရပါတယ်။ သူတို့ ဆီမှာ ဘာတစ်ခု ရှိလဲဆို တော့ Media Room ဆို တာ ကို သတ် သတ် ပေး ထားပါ တယ်။ ဒီမှာ အဲဒါမရှိ သေးပါဘူး။ မီဒီယာ ဆိုတာကတော့ ကိုယ့်သတင်း ကို ကိုယ်ရအောင် ယူကြ မှာပဲေ လ။ သတင်းထောက်တွေကို လည်း ကိုယ်ချင်းစာရမယ်။ မနှစ်က အကယ်ဒမီမှာ ကိုယ်လူချောအဖွဲ့ အယောက် ၅ဝ ကျော်လောက် သုံးပြီး တော့ တားဆီးတာတောင် မရပါဘူး။
မနှစ်ကလိုမဖြစ်အောင်ဦးအောင်ခိုင် အကြံပေးထား တာကတော့ Media Room ကို သတ်သတ်မီဒီယာတွေ အတွက်သီးသန့်အခန်းလုပ်ပေးထား ရင် အနုညာ သမားအကယ်ဒမီဆုယူ ပြီးတာနဲ့ Media Room ခေါ်ပြီး မေး မြန်း ကြမယ်ဆိုရင်အားလုံးအေးအေး ဆေးဆေးနဲ့ လုပ်လို့ရသွားမယ်။ အဲဒီ လိုတော့ အကြံပေးထားတယ်။
နောက် ပြီး အဲဒီမှာ ဘာတစ်ခု ကောင်း လဲဆို ရင် VIP ဆိုတာမရှိဘူး။ အထူးဧည့် သည်တော်လည်း ဒီBox ထဲမှာ ပဲ။ အနုပညာသမားတွေလည်း ဒီ Box ထဲမှာပါပဲ။ တစ်ခုပဲရှိတယ်။ Public နဲ့ အနုပညာသမားခွဲ ထားပေးတာ ပဲရှိ တယ်။ ကျန်တာဘာမှ မရှိဘူး။
ဒီက အကယ်ဒမီပေးပွဲ မှာကျတော့ VIP တွေစင်ဘက်ကို မျက်နှာလှည့်ပြီး စင် ဆောက် ရတာတို့ ဘာတို့ ဖြစ်တဲ့အခါ ကျတော့ အကယ်ဒမီ စင်မြင့်ဆောက် လုပ်ရတဲ့နေရာဟာ အင်မတန်ကို ကျဉ်းသွားတယ်။ ဒီနှစ်ကတော့ ဆီးဂိမ်း ကလည်း ရှိနေတဲ့ အတွက် အကယ် ဒမီကို ဘယ်နေရာမှာ ကျင်းပမလဲ ဆို တာ မသိနိုင်သေးဘူး။ ဦးအောင်ခိုင် တို့ အစည်းအရုံးက မေတ္တာရပ်ခံ ထားတာက တစ်နှစ်အကယ်ဒမီကို နောက် တစ်နှစ်မကူးစေဖို့ဘဲ။” ဟု ဦးအောင်ခိုင်က ယခုနှစ် အကယ် ဒမီအတွက် အကြံပြုချက်များကို ပြောပြခဲ့သည်။
ထက်လူလူ
အေးချမ်းမွန် Credit To >Popular Academy
Post a Comment