၃၀ နိုဝင်ဘာ ၂၀၁၃
ဆက်သွယ်ရေးနည်းပညာများ၏ တဟုန်ထိုး တိုးတက်မှုကြောင့် ကမ္ဘာကြီးသည် ရွာတစ်ခုလို တဖြည်းဖြည်းကျဉ်းလာကာ ယခင်ကလို တစ်နိုင်ငံထဲ အထီးကျန်နေထိုင်ရန် မည်သို့ မှ မဖြစ်နိုင်တော့ချေ။
လက်ရှိကမ္ဘာကြီး၌ ဖြစ်ပျက်နေသော ပဌိပက္ခများ ၊ ပြဿနာများကို အဖြေရှာရာတွင် ယခင်နှင့်မတူ ကွဲပြားကာ နည်းလမ်းရှာ ချဉ်းကပ်ပုံ ချဉ်းကပ်နည်း ပြောင်းလဲလာသည်ကို တွေ့ ရှိရပေမည်။ အထူးသဖြင့် ကမ္ဘာ့နိုင်ငံကြီးများသည် ကျောထောက်နောက်ခံပေးထားသည့် နိုင်ငံ၏ နိုင်ငံရေး ပြဿနာများကို စစ်ရေးဖြင့် အဖြေရှာခြင်းအစား နှစ်ဦးနှစ်ဖက် ပြေလည်နိုင်မည့် နည်းကို အဓိကထား ဦးစားပေးကာ ငြိမ်းချမ်းစွာ အဖြေရှာသည့် နည်းကို ကျင့်သုံးလာသည်ကို တွေ့ မြင်ရပေမည် ။လက်တွေ့ ကျပြီး အနာဂတ်တွင် ရေရှည်အကျိုး ကျေးဇူးများအားထည့်သွင်း ဆင်ခြင်သုံးသပ်ကာနည်းမှန်လမ်းမှန်ကို ရွေးချယ်ခဲ့ကြပေသည်။ ယနေ့ ထူးခြားစွာပြောင်းလဲ ဖြစ်ပျက်နေသော ကမ္ဘာ့ နိုင်ငံရေးဖြစ်စဉ်များသည် စိတ်ဝင်စားဖွယ်အတိဖြင့် အစပြုကာ စိတ်လှုပ်ရှားဖွယ်အတိဖြင့် အဆုံးသတ်မည့်ကိန်းသို့ ဆိုက်ဆိုက်မြိုက်မြိုက် ကျရောက်နေသည်မှာ အငြင်းပွားဖွယ်ရာ ရှိပေမည့် လက်တလော ကျေနပ်အားရဖွယ်ရာများ ပြည့်နှက်နေပေသည်။
ယင်းဖြစ်စဉ်များထဲမှ ပူပူနွေးနွေး ဆီးရီးယား အရေးကို ကြည့်လျှင် ထင်ထင်ရှားရှားတွေ့ ရမည်မှာ ဆီးရီးယားအာဏာရှင် အစိုးရသည် ဓာတုလက်နက်ကို အသုံးပြုမှုကြောင့် ပြည်သူများသေဆုံးခဲ့ရသည့်အရေးအပေါ် အမေရိကန်မှ မည်သို့ အရေးယူ ဆောင်ရွက်မည်လောဟု ကမ္ဘာတစ်ဝှမ်း တွင် တရုန်းရုန်းဖြစ်လျက် စိတ်ဝင်စားခဲ့ကြသည် ။ နောက်ဆုံးတွင်အမေရိကန်နှင့် ရုရှားနိုင်ငံတို့ ၏သံတမန်ရေးရာ အဖြေရှာမှုကြောင့် ဆီးရီးယားအာဏာရှင် အာဆတ် သည် ယခင်အီရတ်နိုင်ငံမှ ဆာဒမ်ဟူစိန်လို အဆုံးမသတ်ပေမည့် လူထုကို သာမက ကမ္ဘာကိုပါ ခြိမ်းခြောက်နေသော ဓာတုလက်နက်ဖျက်သိမ်းရေးကို ဆီးရီးယားအစိုးရမှ လိုက်လျောခဲ့ရပေသည် ။
ကမ္ဘာတစ်ဝှမ်း ဟိုးလေးတကျော်ကျော် ဖြစ်နေသော စိုးရိမ်ဖွယ် အီရန် နျူကရီးယားအရေးသည်ပင် အီရန်နှင့် အမေရိကန်အစိုးရတို့ ၏လပေါင်းများစွာ လျို့ ဝှက်ဆွေးနွေးမှုများ၏ ရလဒ်ဟု သတင်းအချက်အလက်များကဆိုသည် ။ အီရန်၏ နျူကရီးယားစီမံကိန်းကို ရပ်တန့် မည်ဖြစ်ပြီး အီရန်အနေဖြင့် နိုင်ငံတကာကို နျူကရီးယားစီမံကိန်းအား လေ့လာ အကဲဖြတ်ကြည့်ခွင့်ပြုခြင်း၏ရလဒ်အဖြစ် အီရန်အပေါ်ထားရှိသည့် စီးပွားရေးပိတ်ဆို့ မှုကို အမေရိကန်အပါအ၀င် နိုင်ငံတကာမှ ရုတ်သိမ်းပေလိမ့်မည်။ ယနေ့ ကမ္ဘာသည် ပြဿနာကို ပြဿနာဖြင့် တုန့် ပြန်သည့် နည်းအစား အဖြေမှန်ကို ၀ိုင်းဝန်း ရှာဖွေသည့်နည်းကို အချိန်ယူကာ မဖြစ်မနေလုပ်ဆောင်နေသည်ကို တွေ့ မြင်ရပေမည် ။
ယနေ့ မြန်မာပြည်သည်လည်း အာဆီယံ ဥက္ကဌ ရာထူးကို ရယူလိုက်သည့် အချိန်ကစတင်ကာ ကမ္ဘာ့နိုင်ငံကြီးများ၏ ပထ၀ီနိုင်ငံရေး ၊ စီးပွားရေးဖြစ်စဉ်များထဲတွငိ တနည်းမဟုတ်တနည်း ဆက်သွယ်ပတ်သက်နေပေပြီ ။နိုင်ငံရေး တည်ငြိမ်မှုသည် စီးပွားရေး ဖွံ့ ဖြိုးတိုးတက်ခြင်း၏ လမ်းစပင်ဖြစ်သလို စစ်မှန်သော ငြိမ်းချမ်းရေးပုံဖော်တည်ဆောက်မှုသည် အမျိုးသားပြန်လည်သင့်မြတ်ရေး၏ အဓိက သွေးကြောမပင်ဖြစ်ပေသည် ။ ကမ္ဘာကြီး၏ အတွေးအခေါ်ပြောင်းလဲမှု လမ်းကြောင်းထဲတွင် နောက်ကျမကျန်ရစ်ပဲ နိုင်ငံရေး ပြဿာနာကို နှစ်ပေါင်းများစွာ လက်နက်ဖြင့် အဖြေရှာခြင်းအစား လက်တွေ့ ကျကျ စားပွဲဝိုင်းတွင် အဖြေရှာရမည့် အချိန်အခါပင် ဖြစ်ပေသည် ။ မိဘများ ရန်ဖြစ်နေသည်ကို ကြည့်ပြီး ငိုနေရသော ကလေးလို ပြည်သူ့ ဘ၀သည် ဆင်းရဲတွင်းနက်ထဲ မျက်ရည်နှင့် မျက်ခွက် ဖြစ်ခဲ့ရပေါင်းများပေပြီ ။ စစ်မှန်သော ငြိမ်းချမ်းရေးကို ရှာဖွေခြင်းသည်ပင် လူကြီးလူကောင်း ပီသရာရောက်သလို ပျောက်ဆုံးနေသော ယုံကြည်မှုများ ပြန်လည်ကောက်ရစရာ အကြောင်းပင် ဖြစ်ပေလိမ့်မည် ။
ဖွဲ့ စည်းပုံ ပြင်ဆင်ရေး ၊ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး နိုင်ငံအရေး ကိစ္စအ၀၀သည် တိုင်းပြည်၏ အနာဂတ်ကံကြမ္မာကို တည့်မတ်ပေးမှုအပါအ၀င် အဆုံးအဖြတ်ပေးမည့် အရာများဖြစ်ပေရာ အစိုးရ ၊အတိုက်အခံ ၊တိုင်းရင်းသားခေါင်းဆောင်များမှ ရိုးသားမှုပေါ်အခြေခံပြီး အဖြေမှန်ကို ၀ိုင်းဝန်းစဉ်းစားလျက် ခေါင်းချင်းဆိုင်ဖြေရှင်းရမည့် အချိန်အခါပင်ဖြစ်ပေသည် ။
ႀသစေတ်းလ် ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည် ပြောဆို သုံးသပ်သလို တိုင်းရင်းသားအားလုံး၏ လိုလားသော အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရိုးသားမှုဖြင့် အစပြုရပေမည် ။တတိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေးမှသည် နိုင်ငံရေး စားပွဲဝိုင်းအခင်းအကျင်းသည် အမှောင်ထဲမှ တိုင်းပြည်ကို ကယ်တင်ဆွဲထုတ်နိုင်မည့် တစ်ခုထဲသော ထွက်ပေါက်ဖြစ်နိုင်ချေဖြစ်ပြီး ဆင်းရဲတွင်း ချောက်နက်ထဲဆွဲချနေသော ဖိနှိပ်မှု သေနတ်သံများကို လူထုမှ မကြားလို မမြင်လို တော့ကြောင်း အသိပေးတင်ပြလိုက်ရပါသည် ။လက်ရှိအစ်ုးရအနေဖြင့် ရွေးချယ်ရမည်မှာ အမှောင်ထဲမှာ ပြဿနာရှာမှာလား အဖြေရာမှာလားဆိုတာ ပြောင်းလဲနေသော ကမ္ဘာမှ စောင့်ကြည့်နေပေသည် ။
အောင်ခိုင်မြင့်
၃၀ နိုဝင်ဘာ ၂၀၁၃
အေးချမ်းမွန် Credit To >http://aungkhaingmyint.blogspot.com/< Thank https://www.facebook.com/excellencemedia
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.