0

ရန်ကုန် နိုဝင်ဘာ ၃၀
မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေသည် ထိရှလွယ်ပြီး စိန်ခေါ်မှုများစွာရှိနေသေးသည့်အတွက် ထိပ်တိုက်ရင်ဆိုင်ခြင်းကိုဖယ်ရှားပြီး
ဆွေးနွေးအဖြေရှာသည့်နည်းလမ်းကို အသုံးပြုကြပါရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ယနေ့ကျင်းပနေသည့် Civil Society FOrum on Peace ,National Harmony and State Building တွင် တိုက်တွန်း ပြောဆိုခဲ့သည်၊။
`မရေရာမှုတွေ၊ စိန်ခေါ်မှုတွေ ပြည့်နှက်နေတဲ့ အခြေအနေမှာ ထိပ်တိုက်ရင်ဆိုင်တဲ့ နည်းလမ်းကို ရှောင်ရှားဖို့ တိုက်တွန်းလိုပါတယ် ´ဟု ဦးသိန်းစိန်က ၄င်း၏ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားတိုက်တွန်းခဲ့သည် ။
ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် ပြုလုပ်သော ´တည်ငြိမ်အေးချမ်းသည့် နိုင်ငံတော်တည်ဆောက်ရေးတွင် လူထုအခြေပြု အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ´ဆိုသည့် တွေ့ဆုံပွဲသို့ တက်ရောက်လာသော သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံသည် လူ့အဖွဲအစည်းများကြား ၊ တစ်ဦးနှင့် တစ်ဦးကြား မယုံကြည်မှုများ ၊ သံသယများ ကာလရှည်ကြာ တည်ရှိနေခဲ့သောကြောင့် ယင်းအခြေအနေမှ ရုန်းထွက်နိုင်ရေးအတွက် အဖွဲ့အစည်းအားလုံး ချိတ်ဆက်မှု အားကောင်းကောင်းဖြင့် ဖွံဖြိုးမှုကို ရှေးရှုဆောင်ရွက်သွားရန် လိုအပ်ကြောင်းလည်း ပြောကြားခဲ့သည် ။ ယခုမိန့်ခွန်းသည် သမ္မတ ဦးသိန်းစန်က ပြည်သူလူထုသို့ပြောကြားသည့် ၄၃ကြိမ်မြောက်မိန့်ခွန်းဖြစ်ပြီး မနက်ဖြန် ဒီဇင်ဘာလ ၁ရက်နေ့တွင်လည်း ပုံမှန်မိန့်ခွန်းပြောကြားမှု ပြုလုပ်မည် ဖြစ်သည် ။ ky

အေးချမ်းမွန် Credit To >Popular Myanmar News Journal < Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top