Home
»
မှုခင်းသတင်းများ
» အရွယ်မရောက်သေးသော ကလေးငယ်ကို ခိုးမှုကျုးလွန်ခိုင်းသူ ဆိုင်ရှင်အား ဘုရားဂေါပကအဖွဲ့မှ အရေးယူ
အရွယ်မရောက်သေးသော ကလေးငယ်ကို ခိုးမှုကျုးလွန်ခိုင်းသူ ဆိုင်ရှင်အား ဘုရားဂေါပကအဖွဲ့မှ အရေးယူဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့တွင် တန်ဆောင်မုန်းလပြည့်ညက ဖြစ်ပွားခဲ့သည့် ဦးဘုရားရဲဘုရားဈေးဆိုင်တန်းမှ အရွယ်မရောက်သေးသော ကလေးအား ခိုးမှုကျုးလွန်ခိုင်းခဲ့သော ဆိုင်ရှင်ဒေါ်ဝင်းအား ဘုရားဂေါပကအဖွဲ့မှ နိုဝင်ဘာ ၃၀ ရက်နေ့ နောက်ဆုံးထား၍ ဆိုင်ပိတ်သိမ်းရန် အကြောင်းကြားထားကြောင်း သိရသည်။ အပိတ်ခံရသော ဆိုင်ရှင်ဒေါ်ဝင်းမှာ ဘုရားဂေါပကအဖွဲ့မှ ထုတ်ပြန်ထားသော စည်းကမ်းကို ယခုတစ်ကြိမ်တင် မဟုတ်ပဲ၊ အကြိမ်ကြိမ်ချိုးဖောက်ထားကြောင်းလည်း သိရသည်။ အခိုးခံရသော ဆိုင်ရှင်ဦးငွေစိုးကို ခိုးခိုင်းသောဒေါ်ဝင်းမှ အမှုမဖွင့်ရန်အတွက် လျော်ကြေးငွေပေးခဲ့ပြီး ဦးငွေစိုးမှလည်း လျော်ကြေးငွေနှင့် အခိုးခံရသောပစ္စည်းများကို နိုဝင်ဘာ ၂၆ ရက် ည ၁၀ နာရီတွင် လက်ခံခဲ့ကြောင်း သိရသည်။ ထိုသို့နှစ်ဦးနှစ်ဘက်ကျေအေးခဲ့ပြီး အမှုမဖွင့်ခဲ့သောကြောင့် ခိုးမှုကျုးလွန်ခဲ့သော ကလေးငယ်နှင့် ခိုးမှုကျုးလွန်ရန်စေခိုင်းခဲ့သော ဒေါ်ဝင်းတို့မှာ အပြစ်တစုံတစ်ရာကျခံရခြင်း မရှိခဲ့ပဲ၊ နောင် အလားတူဖြစ်ရပ်မျိုး ထပ်မံလုပ်ဆောင်ရန် တွန်းအားပေးသကဲ့သို့ ဖြစ်နေကြောင်း သိရသည်။ ကလေးသူငယ်များအား အဓမ္မခိုင်းစေမှုဆိုင်ရာ ဥပဒေနှင့်ဆိုပါက ကျေအေးပေးခဲ့သော ဦးငွေစိုး၊ ခိုးမှုကျုးလွန်ရန် ခိုင်းစေခဲ့သော ဒေါ်ဝင်း၊ ခိုးမှုကို အမှန်တကယ်ကျုးလွန်ခဲ့သော သူများ၊ ခိုးမှုအမှန်ဖြစ်ပေါ်နေပါလျက် အရေးမယူသော ရဲတပ်ဖွဲ့ဝင်များ၊ ဒေါ်ဝင်းဘက်မှလိုက်ပါဆောင်ရွက်ပေးနေသူအားလုံး ဥပဒေနှင့် ငြိစွန်းနေကြကြောင်း သိရသည်။
“ ဒေါ်ဝင်းက ဘာရည်ရွယ်ချက်နဲ့ ခိုးခိုင်းတာလဲဆိုတော့ သူနဲ့ပြိုင်ပြီး ဈေးရောင်းမှာစိုးလို့လေ၊ ဦးငွေစိုးတို့က ဈေးရောင်းနိုင်ဖို့ မနည်းရင်းထားရတာ၊ ဒီလိုခိုးယူလိုက်တော့ ရုတ်တရက်ဆိုင်ကိုပြန်မတည်နိုင်တော့ဘူးပေါ့၊ သက်သက်အခက်အခဲဖြစ်အောင် လုပ်တာပေါ့၊ ဘာရည်ရွယ်ချက်နဲ့ပဲလုပ်လုပ် ဒီလိုအရွယ်မရောက်သေးတဲ့သူကို ခိုးခိုင်းတာကတော့ သိပ်အောက်တန်းကျတဲ့လုပ်ရပ်ပဲ၊ ဒီကလေးတွေကြီးလာရင်ကော သူခိုးလေးကနေ သူခိုးကြီးဖြစ်လာဖို့ပဲ ရှိတာပေါ့ ” ဟု နီးစပ်သူတစ်ဦးမှ ပြောဆိုသည်။
အေးချမ်းမွန် Credit To >Hinthata HumanRights < Thankhttps://www.facebook.com/excellencemedia
Post a Comment