==============================
ဒီခေတ်နေ
==============================
ရန်ကုန် ၊ နိုဝင်ဘာ ၂၆။ ။ တည်ဆဲ ဥပဒေများ ရှိနေသောကြောင့် ပုဒ်မ-၁၈မှာ မလိုအပ်ဟု သင်္ဃန်း ကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောသည်။
ပုဒ်မ-၁၈မှာ အခြေခံဥပဒေ ကို ကန့်သတ် ထားသော ပုဒ်မ တစ်ခုဖြစ်၍ ဆန္ဒထုတ်ဖော်ခြင်း နှင့်ပတ်သက်၍ ဖျက်သိမ်းသင့် သည့်ပုဒ်မတစ်ခုဖြစ်ပြီးယင်းကဲ့ သို့ ဖျက်သိမ်းလိုက်ခြင်းအားဖြင့် တရားလက်လွတ် ဖြစ်သွားမည် မဟုတ်ဘဲ တည်ဆဲဥပဒေဘောင် အတွင်းမှ အရေးယူနိုင်ကြောင်း၊ တရားဥပဒေ ဘောင်အတွင်းမှ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နိုင် ကြောင်း ဦးသိန်းညွန့်ကပြောသည်။
သင်္ဃန်းကျွန်းမြို့နယ် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်ဦး သိန်းညွန့်က ''တည်ဆဲဥပဒေကို လေးစားပြီးအခြေခံဥပဒေနဲ့အညီ ဆောင်ရွက်နိုင် တာကြောင့် ပုဒ်မ- ၁၈က မလိုအပ်တဲ့ပုဒ်မတစ်ခုဖြစ် ပါတယ်။ တည်ဆဲဥပဒေဘောင် အတွင်းက အလုပ်လုပ်တတ်ဖို့လို ပါတယ်။ ပုဒ်မ-၁၈ကို ဖျက်လိုက် လို့ ဆန္ဒပြမှုတွေအုံကြွလာစရာမ လိုပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့မှာ တည်ဆဲဥပဒေ တွေ ရှိနေလို့ပါ'' ဟု ပြောသည်။
ပုဒ်မ-၁၈ကို ဖျက်သိမ်းပေး ရန်ပြင်ဆင်ချက်ကိုအဋ္ဌမအကြိမ် မြောက် ပြည်သူ့ လွှတ်တော် တွင် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဦးသိန်းညွန့် မှတင်ပြပြီးဖြစ်၍ လွှတ်တော်နား နေချိန်တွင် ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ ပုဒ်မ-၁၈နှင့်အမှုဖွင့် တိုင်ကြားထားသော တရားရုံးများ အား လိုက်လံလေ့လာနေပြီဖြစ် ကြောင်း ဆက်လက်ပြောသည်။
ပုဒ်မ-၁၈နှင့်ပတ်သက်၍ဒီမိုကရေစီ
၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပုဒ်မ-၃၅၄အရ 'နိုင်ငံ သားတိုင်းသည် နိုင်ငံတော်လုံခြုံ ရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ် ကွက် အေးချမ်းသာယာရေး၊ သို့ မဟုတ် ပြည်သူကိုယ်ကျင့်တရား အကျိုးငှာပြဋ္ဌာန်းထားသည့်
ဥ ပဒေများနှင့် မဆန့်ကျင်လျှင် အောက်ပါ အခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့် ရှိသည်။ (က)မိမိ၏ယုံကြည်ချက်၊ ထင်မြင်ယူဆချက် များကို လွတ် လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ ရေး သား ဖြန့်ဝေခွင့်၊ (ခ)လက်နက် မပါဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်၊ (ဂ)တိုင်း ရင်းသား လူမျိုးတစ်မျိုးနှင့်တစ် မျိုး သို့မဟုတ် တိုင်းရင်းသားလူ မျိုး အချင်းချင်းကိုသော်လည်း ကောင်း၊ အခြားဘာသာသာသနာ ကို လည်းကောင်း ထိ ခိုက်နစ်နာမှု မရှိစေဘဲ မိမိချစ်ခင်မြတ်နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုး ကွယ်သည့် ဘာသာသာသနာနှင့် ဓလေ့ ထုံးတမ်းများကို လွတ်လပ် စွာဆောင်ရွက်ပိုင်ခွင့်'ဟူ၍ဖြစ်
အေးချမ်းမွန် Credit To >Yangon Media Group
Post a Comment