ဖြိုးလွင်အောင်
ရန်ကုန် ၊ နိုဝင်ဘာ ၂၈ ။ ။ ရန်ကုန်- မန္တလေးရထားလမ်း အဆင့်မြှင့် တင်ရေးလုပ်ငန်းများ အတွက် ဂျပန် နိုင်ငံမှ နည်းပညာနှင့် ချေးငွေ အကူ အညီများ ပေးသွားမည်ဖြစ် ကြောင်း ရထားပို့ဆောင်ရေးဝန် ကြီးဌာနမှ သိရသည်။
လက်ရှိတွင် ဂျပန်နိုင်ငံမှ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့် တင်ရေး ပထမအဆင့် တွင် ဗဟိုမှရထားပြေးဆွဲမှုကိုထိန်း ချုပ်သည့် စနစ်နှင့် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ပစ္စည်းကိရိ ယာများ တပ်ဆင် အသုံးပြုခြင်း လုပ်ငန်းများပါဝင်ပြီး ယင်းစီမံ ကိန်းများအတွက် ဂျပန်အစိုးရထံ မှ ချေးငွေနှင့်နည်းပညာများကို ရယူသွားမည်ဖြစ်ကြောင်း ရထား ပို့ဆောင်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးသန်းဌေးက ပြောသည်။
ဝန်ကြီးဦးသန်းဌေးက ''အခု ၂၀၁၃ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံ ကို ဂျပန်နိုင်ငံက အကူအညီပေး မယ့် စီမံကိန်း ၁၁ခုထဲမှာ ရန်ကုန်- မန္တလေး ရထားလမ်းအဆင့်မြှင့် တင်ရေးလုပ်ငန်းအတွက် ချေးငွေ နဲ့ နည်းပညာ အကူအညီပေးမယ့် အစီအစဉ်လဲပါတယ်။ အခု ဂျပန် ချေးငွေ နဲ့ဝယ် ထားတဲ့ ရထားသံ လမ်းသုံးပစ္စည်းတွေကို အသုံးပြု တဲ့နည်းပညာကို ဂျပန်ကပညာ ရှင်တွေက သင်ပေးဖို့ ဒီကိုရောက် နေပါပြီ''ဟုပြောသည်။
နိုဝင်ဘာ၂၇ ရက်က ရန်ကုန် ဘူတာကြီး၌ပြုလုပ်သည့် ဂျပန် အပြည်ပြည် ဆိုင် ရာ ပို့ဆောင်ရေး အဖွဲ့အစည်း(JITI)မှ မြန်မာ့မီး ရထားသို့ ရထားသံ လမ်းသုံးပစ္စည်း များပေးအပ်ပွဲတွင် ဝန်ကြီးက ယင်း ကဲ့သို့ပြောကြား ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ရန်ကုန်-မန္တလေး ရထားလမ်းအား အဆင့်မြှင့်တင် နိုင်ရန် အတွက် ဂျပန်နိုင်ငံမှ သံ လမ်းပြုပြင်ထိန်းသိမ်းရေး လုပ်ငန်း သုံးပစ္စည်း ၇၄မျိုး၊ စက်ပစ္စည်း အရေအတွက် ၆၁ဝကို ဝယ်ယူ ထားပြီး ယင်းစက်ပစ္စည်းများကို အသုံးပြုနိုင်ရန်အတွက် ဂျပန်နိုင်ငံ မှပညာရှင် ၁ဝဦးက ရှေ့ပြေးစီမံ ကိန်းအဖြစ် ရန်ကုန်-ပဲခူးလမ်းပိုင်း တွင် လက်တွေ့သင်တန်းများပေး လျက်ရှိကြောင်း သိရသည်။
ရန်ကုန်-မန္တလေး ရထား လမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံ ကိန်းတွင် ပထမအဆင့်တွင် ရန်ကုန် -တောင်ငူလမ်းပိုင်း ၁၁၆မိုင်၊ ဒု တိယ အဆင့် တောင်ငူ-ရမည်း သင်းလမ်းပိုင်း ၁၀၈ဒသမ၅မိုင် နှင့် တတိယအဆင့် ရမည်းသင်း -မန္တလေးလမ်းပိုင်း ၁၁၁မိုင်ဟူ၍ အပိုင်းသုံးပိုင်းခွဲကာ မြန်မာ့မီးရ ထားကတာဝန်ရှိသူများနှင့် ဂျပန် နိုင်ငံ (JICA)မှပညာရှင်များပူး ပေါင်းကာ မီးရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးအတွက် လို အပ်သည့် အချက်အလက်များ ကို ရေးဆွဲလျက်ရှိကြောင်း သိရသည်။
အေးချမ်းမွန် Credit To >Yangon Media Group < Thankhttps://www.facebook.com/
Post a Comment