0

လှိုင်ထွေးအောင်

မန္တလေး ၊ နိုဝင်ဘာ ၂၉ ။ ။ ၂၀၀၈ခု နှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အား ပြန်လည် ပြင်ဆင်ပေးရန်ဆန္ဒဖြင့် နိုဝင်ဘာ ၂၇ ရက်က တစ်ကိုယ် တော် စက်ဘီးစီးဆန္ဒထုတ်ဖော် သူတစ်ဦး မန္တလေးမြို့တွင်းလှည့် လည် စီးနင်းကြောင်းသိရသည်။

စက်ဘီးစီးနင်း ဆန္ဒထုတ် ဖော်သူမှာ မန္တလေးတိုင်းဒေသ ကြီး ချမ်းအေးသာ စံမြို့နယ် ၂၈* ၂၉လမ်း၊ ၇၃ * ၇၄ လမ်းကြား စိတ္တရမဟီရပ် ၊ မောက်မယ်ဝင်း အတွင်းနေထိုင်သူ အသက် ၈၁ နှစ်အရွယ်ရှိ ဦးလှမြင့်ဖြစ်သည်။

၎င်းမှာ (၉၃)နှစ်မြောက် အမျိုး သားနေ့ကို ဂုဏ်ပြုကြိုဆိုမှုနှင့် အတူ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်စေလိုသည့်ဆန္ဒဖြင့် တစ် ကိုယ်တော် စက်ဘီးစီးဆန္ဒထုတ် ဖော်ခြင်းဖြစ်သည်။

စက်ဘီးဖြင့် လှည့်လည်စီး နင်းရာတွင် ၂၀၀၈ ဖွဲ့စည်းပုံပြင် ဆင်ရေး ဒို့အရေးစာတမ်းပါဗီ နိုင်းကို ချိတ်ဆွဲထားပြီး နေအိမ် မှ နံနက်၈နာရီတွင် စတင်စီးနင်း သည်။ ၇၃လမ်းအတိုင်း စတင် ထွက်ခွာ၍ ၂၆လမ်းနှင့်၇၃လမ်း ဆုံရာတွင် ၂၆လမ်းအတိုင်း ၈၄ လမ်းအထိ၊ ၈၄လမ်းအတိုင်း ၇၃ လမ်းအထိ ပြန်စီးကာ နေအိမ်သို့ ပြန်ကြောင်း သိရသည်။

အေးချမ်းမွန် Credit To >Yangon Media Group < Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top