မြန်မာနိုင်ငံရှိ ကျေးလက်ဒေသ လျှပ်စစ်မီးနှင့်သောက်သုံးရေရရှိရေးအတွက် အစိုးရအဖွဲ့ တစ်ခုတည်းဖြင့်အကောင်အထည်မဖော်နိုင်ဟု ဒုတိယသမ္မတ(၂) ဦးဥာဏ်ထွန်း က ယနေ့ နေပြည်တော်တွင်ပြုလုပ်သော ကျေးလက်ဒေသမီးလင်းရေးနှင့် သောက်သုံးရေရရှိရေးကော်မတီ အစည်းအဝေးတွင်ပြောကြားခဲ့သည်။
"အစိုးရရဲ့အခန်းကဏ္ဍက အားလုံးမှာဝင်ကစားဖို့မဟုတ်ဘူး ဥပဒေတွေနဲ့ထိန်းကျောင်းသတ်မှတ်ပေးဖို့ ၊အဲဒီတော့ ကျွန်တော်တို့မှာ ခိုင်မာတဲ့ ဥပဒေတွေ လိုသေးတယ် နောက် အားလုံးပူးပေါင်းဆောင်ရွက်ဖို့လိုတယ်။ နည်းလမ်းတစ်ခုတည်းကိုပဲ အားကိုးနေလို့မရတော့ဘူး ရေအားလျှပ်စစ်လည်းလိုတာပဲ ဆိုလာစနစ်လည်းလိုတာပဲ ဘက်စုံထောင့်စုံက နေဖြည့်စည်းပေးဖို့လိုတယ်"ဟု ၄င်းကပြောသည်။
အေးချမ်းမွန် Credit To >Messenger News Journal

Post a Comment