0



၂၄၊၁၁၊၂၀၁၃နေ့၊ ညနေ ၄း၀၀နာရီ၌ ၈၈မျိုးဆက်ခေါင်းဆောင်များ
ဖြစ်ကြသောကိုကိုကြီး၊ ကိုမြအေး၊ ကိုပြုံးချိုနှင့် ကိုမာကီတို့သည်၊
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖြင့် ရန်ကုန်မြို့တွင် ခေတ္တရောက်ရှိနေကြသော
ပြည်ထောင်စုတိုင်းရင်းသားဖက်ဒရယ်ကောင်စီ(UNFC)မှ
ခေါင်းဆောင်များဖြစ်ကြသည့် ဒုဥက္ကဋ္ဌ(၁)ခွန်အေဘယ်(လ်)တွိတ်၊
ဒုဥက္ကဋ္ဌ(၂)ဖဒိုဒေးဗစ်တာကပေါ၊ အထွေထွေအတွင်းရေးမှူး
နိုင်ဟံသာတို့နှင့် အင်းလျားလိတ်ဟိုတယ်တွင် တွေ့ဆုံခဲ့ကြသည်။

ထိုသို့တွေ့ဆုံခဲ့ရာတွင် လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအရ
ငြိမ်းချမ်းရေး အပြည့်အ၀ရရှိရန် ခက်ခဲမှုများကိုလည်းကောင်း၊
တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ အသံကိုထင်ဟပ်နိုင်သော ကျယ်ပြန့်သည့်လူထုတွေ့ဆုံဆွေးနွေးမှုများ ဖြစ်ပေါ်လာနိုင်ရေးကို
လည်းကောင်း အလေးထား၍ ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်
ဆွေးနွေးခဲ့ကြသည်။ ထိုတွေ့ဆုံဆွေးနွေးပွဲသို့ ဂျပန်အစိုးရ၏
မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ်
Yohei Sasakawa နှင့်အဖွဲ့လည်း တက်ရောက်ခဲ့ကြသည်။

မနက်ဖြန် ၂၅၊၁၁၊၂၀၁၃နေ့တွင်မူ ၈၈မျိုးဆက်များမှ
UNFC ခေါင်းဆောင်များနှင့်တကွ Yohei Sasakawa နှင့်အဖွဲ့အား
ညစာဖြင့် တည်ခင်းဧည့်ခံမည်ဖြစ်သည်။

အေးချမ်းမွန် Credit To > The 88 Generation Peace and Open Society

Post a Comment

 
Top