0


မန္တလေး၊ နိုဝင်ဘာ ၂၅
ဒဏ်ရာအနာတရဖြစ်အောင်ရိုက်နှက်ကာ
ကာလပေါက်ဈေးငွေကျပ် သိန်း ၃၀ကျော်တန်သော
ရွှေဆွဲကြိုး လုယက်မှု နိုဝင်ဘာ ၂၄ရက်နေ့ နံနက် ၅နာရီခွဲ အချိန်ခန့်ကမန်းတွင်ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
ဖြစ်ပွားပုံမှာ ယခုလ ၂၄ရက်နေ့ မနက် ၅နာရီခွဲ အချိန်ခန့်က အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်တွင် ဒေါ်----သည် ခင်ပွန်းဖြစ်သူ ဦး-----နှင့်အတူ နေအိမ်ရှိခွေးများအား
လမ်းလျှောက်ထိန်းကျောင်းရာမှ နေအိမ်သို့ပြန်လာခဲ့ပြီး ဇနီးဖြစ်သူ ဒေါ်--မှာ ခွေးများအား နေအိမ်နောက်ဘက်ခွေးလှောင်အိမ်သို့ သွားထားစဉ် နေအိမ်ရှေ့မှ ခွေးဟောင်သံကြားရသဖြင့် ထွက်ကြည့်ရာ ခင်ပွန်းဖြစ်သူ၏ဂျိုစောင်းတွင် ရိုက်နှက်ခံရသည့်ဒဏ်ရာ(စိုးရိမ်ရ)ရရှိ ထားကြောင်းနှင့် ၄င်း၏လည်ပင်းတွင်ဆွဲထားသော အလေးချိန် ငါးကျပ်သားခန့်ရှိ ရွှေဆွဲကြိုးတစ်ကုံး(တန်ဖိုးငွေ ကျပ်သိန်း ၃၀ကျော်ခန့်)ပျောက်ဆုံးနေကြောင်းတွေ့ရှိရသဖြင့် မန္တလေးဆေရုံကြီး သို့ပို့ဆောင်ကုသလျှက်ရှိသည်။
ရိုက်နှက်လုယက်သူအား နမစ (အမှတ်-၁)ပ ၂၀၄/၂၀၁၃ပြစ်မှုပုဒ်မ ၃၂၅/၃၈၆အရ အမှုဖွင့်ထားပြီး တရားခံအား ဖမ်းဆီးရမိနိုင်ရေး ကြိုးပမ်းလျှက်ရှိကြောင်း တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှတ်တမ်းများအရသိရသည်။

အေးချမ်းမွန် Credit To > Popular Myanmar News Journal

Post a Comment

 
Top