0


Created on Thursday, 21 November 2013 02:17 

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုဝင်ဘာ ၂၀ ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်တွင် မလေးရှားနိုင်ငံ ရေတပ်ဦးစီးချုပ် Admiral Tan Sri Abdul Aziz Jaafar အား လက်ခံ တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံရာတွင် အာဆီယံအဖွဲ့ဝင် နိုင်ငံများ ဖြစ်သည်နှင့်အညီ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်ကြား ပိုမိုကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်ရေး၊ အပြန်အလှန် ထိတွေ့ဆက်ဆံမှုနှင့် Navy to Navy မှတစ်ဆင့် ကြည်း၊ ရေ၊ လေ ကဏ္ဍပေါင်းစုံ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ပင်လယ်ပြင်မှ တရားမ၀င် ၀င်ရောက်မှုများ၊ ငါးဖမ်းခြင်းများအား ညှိနှိုင်းဖြေရှင်းရေးနှင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာများ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ယခုနှစ်ပိုင်းအတွင်း ချစ်ကြည်ရေး ခရီးစဉ်များအဖြစ် တရုတ် ရေတပ်သင်္ဘောများ၊ ဂျပန်နိုင်ငံမှ ရေတပ်သင်္ဘောများ၊ ရုရှားနိုင်ငံမှ ရေတပ်သင်္ဘောများ လာရောက် လည်ပတ်မှုများ ရှိခဲ့သည်။

အေးချမ်းမွန် Credit To > Eleven Media Grouphttps://www.facebook.com/excellencemedia

Post a Comment

 
Top