မရမ်းကုန်းမြို့ နယ် (၁)ရပ်ကွက်ရှိ ဘုရင့်နောင် နှစ်ထပ် ခုံးကျော်တံတားကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလ(၂၄)ရက်နေ့က စတင်ဖြတ်သန်းခွင့်ပြုပြီး ကားများ သွားလာဖြတ်သန်းနေသည်ကို တွေ့ရစဉ်။ (ဓါတ်ပုံ - ဘိုဘို၊ မဇ္ဈိမ) အဆိုပါ ခုံးကျော်တံတားကြီးကို FMI အုပ်စုကုမ္မဏီက ၂၀၁၂ ခုနှစ် ဇွန် ၅ ရက်တွင်ပန္နက်တင်ကာ တည်ဆောက်မှု စတင်ခဲ့ပြီး ဘုရင့်နောင်လမ်းအတိုင်းတည်ရှိမည့် ဒုတိယတံတားအလွှာသည် အရှည် ၁၄၂၇ ပေ၃ လက်မ၊ အကျယ် ၅၇ ပေ ၉ လက်မ၊ချဉ်းကပ်လမ်း အလျား ၅၁၆ ပေ ၂ လက်မနှင့်ခံနိုင်ဝန် ၇၅ တန်ဖြစ်ပြီး၊ သမိုင်းဘူတာရုံလမ်းအတိုင်းတည်ရှိမည့် ပထမအလွှာတံတားသည် အရှည် ၂၄၁၄ ပေ ၁၀ လက်မ၊အကျယ် ၃၂ ပေ ၁၀ လက်မ၊ ချဉ်းကပ်လမ်း အလျား ၃၉၃ ပေ ၉ လက်မနှင့် ခံနိုင်ဝန် တန် ၆၀ ဖြစ်ပြီး RC နှစ်ထပ်ကွန်ကရစ်တံတားဖြစ်သည်။
အေးချမ်းမွန် Credit To > Mizzima - News in Burmese
အေးချမ်းမွန် Credit To > Mizzima - News in Burmese

Post a Comment