0


သူ့ကိုတော့ ပေးတယ်၊ ငါ့ကိုတော့ မပေးဘူး၊ တွေးဖြစ်တယ်။
ငါ့ကိုတော့ ပေးတယ်၊ သူ့ကိုတော့ မပေးဘူး၊ တွေးဖြစ်ခဲတယ်။

ငါ့ကိုတော့ အလုပ် ခိုင်းတယ်၊ သူ့ကိုတော့ မခိုင်းဘူး၊ တွေးဖြစ်တယ်။
သူ့ကိုတော့ အလုပ် ခိုင်းတယ်၊ ငါ့ကိုတော့ မခိုင်းဘူး၊ တွေးဖြစ်ခဲတယ်။

ငါသာ လုပ်နေရတယ်၊ သူ မလုပ်ဘူး၊ တွေးဖြစ်တယ်။
သူသာ လုပ်နေရတယ်၊ ငါ မလုပ်ဘူး၊ တွေးဖြစ်ခဲတယ်။

သူသာ ရနေတယ်၊ ငါ မရဘူး၊ တွေးဖြစ်တယ်။
ငါသာ ရနေတယ်၊ သူ မရဘူး၊ တွေးဖြစ်ခဲတယ်။

ကိုယ်စီရင်ထားတဲ့တရား
ကိုယ့်တရားပဲပေါ့။

ကိုယ်စီရင်ထားတဲ့တရား
ကျေနပ်စရာများပဲပေါ့။

(Writer - U Ga Rava)

အေးချမ်းမွန် Credit To > နှလုံးသားအာဟာရ
17

Post a Comment

 
Top