0

ဒီဗွီဘီ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြသံဃာတွေကို အကြမ်းဖက် ဖြိုခွင်းခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်မှာ ဆန္ဒပြခဲ့ကြတဲ့ တက်ကြွလှုပ်ရှားသူ ၆ ဦးကို ပြီးခဲ့တဲ့သတင်းပတ်က ချမှတ်ထားတဲ့ ထောင်ဒဏ် ၁ လ ပြစ်ဒဏ်နဲ့ ပူးတွဲ တပေါင်းထဲ ကျခံဖို့ စမ်းချောင်းမြို့နယ် တရားရုံးက အောက်တိုဘာ ၂၅ ရက် မနက်က အမိန့်ချမှတ်လိုက်ပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ခေါင်းဆောင် ကိုဒီငြိမ်းလင်း၊ ကိုအောင်မျိုးဦး၊ ကိုမြင့်ကျော်ဦး၊ သူကြီး (ခေါ်) ကိုစိုးမိုးထွန်း၊ မသန္တာနဲ့ မျိုးဆက်သစ်လူငယ်များအဖွဲ့က ကိုမိုးဃ်သွေးတို့ ၆ ဦးကို ကြည့်မြင်တိုင်၊ စမ်းချောင်းနဲ့ အလုံမြို့နယ်တရားရုံးတွေက ပုဒ်မ ၁၈ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ချိုးဖောက်မှုနဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပြီး ကြည့်မြင်တိုင် တရားရုံးက နိုဝင်ဘာ ၂၁ ရက်နေ့က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ လ ချမှတ်ထားတာ ဖြစ်ပါတယ်။
http://burmese.dvb.no/archives/46947

အေးချမ်းမွန် Credit To >DVB TV News

Post a Comment

 
Top