Friday, 29 November 2013
ထိုင်း ဝန်ကြီးချုပ် ရင်လပ်ရှင်နာဝပ် သည် အတိုက်အခံ အဖွဲ့မှ တင်သွင်းသည့် အစိုးရအား အယုံအကြည်မရှိ အဆိုကို မဲခွဲ ဆုံးဖြတ်ပွဲတွင် အလွယ်တကူ အနိုင်ရရှိ ခဲ့ကြောင်း သတင်း ရရှိသည်။
အစိုးရအား အယုံအကြည်မရှိ အဆိုကို အတိုက်အခံ အဖွဲ့က နိုဝင်ဘာ ၂၈ ရက်တွင် တင်သွင်းခဲ့ခြင်း ဖြစ်ပြီး ယင်းအဆိုနှင့် စပ်လျဉ်း၍ အောက်လွှတ်တော်၌ မဲခွဲ ဆုံးဖြတ်ရာတွင် ရင်လပ်က သူမအား ယုံကြည်ကြောင်း ထောက်ခံသည့် ထောက်ခံမဲ ၂၉၇ မဲ ရရှိခဲ့သည်။ ထိုင်းနိုင်ငံ ဗန်ကောက်မြို့လယ် တွင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူ များက ရင်လပ် ဦးဆောင်သည့် အစိုးရ အဖွဲ့ကို ရာထူးမှ နုတ်ထွက် ပေးရန် တောင်းဆိုနေစဉ် အတိုက်အခံ ဒီမိုကရက် ပါတီက ယင်း အဆိုကို တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အေးချမ်းမွန် Credit To >မြ၀တီ < Thankhttps://www.facebook.com/excellencemedia
Post a Comment