0


ရန်ကုန်၊ နိုဝင်ဘာ ၂၀။

လမ်းဘေးတွင် အလွယ်တကူဝယ်ယူရရှိနိုင်သော
ပါဝါမျက်မှန်များကြောင့် မျက်စိအတွင်းရှိ မျက်သားနှင့်
မျက်ကြည်လွှာ ပျက်စီးဆုံးရှုံးနိုင်ကြောင်း မျက်စိအထူး
ကုဆေးရုံကြီး မျက်စိစမ်းသပ်ဌာနမှ မျက်စိစမ်းသပ်ဆရာ ဦးဝင်းနိုင်ထွန်းက ပြောကြားသည်။

“မျက်စိ တစ်ဖက်နဲ့တစ်ဖက်က ပါဝါမတူဘူး၊ လမ်းဘေးမှာ အလွယ်တကူရတဲ့ မျက်မှန်တွေကျတော့ နှစ်ဖက်လုံး ပါဝါ
တူနေတော့ မျက်စိကို ထိခိုက်တာပါ၊ ပထမဆုံး မျက်လုံး
အတွင်းသားကို ထိခိုက်မယ်။ မျက်စိပါဝါ တက်မယ်။ ပြီးရင် မျက်ကြည်လွှာကို ထိခိုက်မယ်”ဟု ဦးဝင်းနိုင်ထွန်းက ဆက်လက်ပြောကြားသည်။

ပါဝါစုံမျက်မှန်များကို ဈေးနှုန်း၅၀၀ကျပ်မှ စတင်ရောင်းချပြီး မှန်အမျိုးအစားကို တရုတ်မှ အများဆုံးတင်သွင်းရောင်းချ
ကြောင်း ပါဝါမျက်မှန် ရောင်းချသူ ဦးဝင်းနိုင်က ပြောကြား
သည်။

“ဝယ်သူတွေ စိတ်ကြိုက် ရွေးပြီးမှ ကျွန်တော်တို့က
ရောင်းတာပါ။ တစ်ချို့ကလည်း ကိုယ့်မျက်စိပါဝါ ကိုယ်
သိကြတယ်။ မသိတဲ့သူတွေလည်း စမ်းတပ်ကြည့်ပြီး အမြင်ကြည်ရင်ယူသွားကြတာပဲ။ ပိုက်ဆံမတတ်နိုင်တဲ့
သူတွေကတော့ ကျွန်တော့တို့လိုဆိုင်တွေကနေ ဝယ်ပါ
တယ်”ဟု ၎င်းကဆိုသည်။

ပါဝါမျက်မှန်တက်မည်ဆိုပါက မျက်စိစမ်းသပ်ခန်းတွင်
အတိအကျ စမ်းသပ်ခံပြီးမှ မျက်မှန်တပ်ဆင်သင့်ပြီး မျက်စိဝေဒနာများအတွက်ပါ စမ်းသပ်မှုကို ပုံမှန်ခံယူ
သင့်ကြောင်း မျက်စိအထူးကုဆေးရုံကြီး မျက်စိစမ်းသပ်
ဌာနမှ သိရသည်။

ရေးသားသူ- ကြည်စင်ဝင်းသန့်
တည်းဖြတ်- ဂျူးဂျူးလှိုင်

အေးချမ်းမွန် Credit To >People power https://www.facebook.com/excellencemedia

Post a Comment

 
Top