0

ရန်ကုန် ၊ နိုဝင်ဘာ ၂၈ ။ ။ လာအို မြန်မာချစ်ကြည်ရေးတံတား တည် ဆောက်မှု ၃၅ရာခိုင်နှုန်းပြီးစီး နေပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် လာအိုနိုင် ငံတို့ဆက်သွယ်သွားလာနိုင်ရန် အတွက် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့ နယ်ခွဲတွင် တံတားဆောက်လုပ် ရေးစီမံကိန်းအထူးအဖွဲ့(၉)က ၂၀၁၃ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက် တွင်စတင်၍ မဲခေါင်မြစ်အားဖြတ် သန်းတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ခုနှစ် မတ်လတွင်အပြီး တည်ဆောက်သွားမည်ဟု သိရ သည်။

''တံတားက၂၂၆၉ပေရှည်လျားမှာဖြစ်ပါတယ်။ မြန်မာနဲ့လာအိုနိုင်ငံတို့ကတစ်ခြမ်းစီတည် ဆောက်နေတာ ဖြစ်ပါတယ်''ဟု ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းတံတားတည်ဆောက် နေမှု လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို နိုဝင်ဘာ ၂ရရက်က ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်းမှ ဦး ဆောင်ညွှန်ကြားရေးမှူးဦးကျော် လင်း ဦးဆောင်သောအဖွဲ့နှင့်လာ အိုနိုင်ငံ ပြည်သူ့လုပ်ငန်းနှင့် ပို့ ဆောင်ရေးဝန်ကြီးဌာနညွှန် ကြားရေးမှူးချုပ် Mr.Laokhan Sompheth ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံ ခဲ့ကြပြီး ဆက်လက်ဆောင်ရွက် ရမည့်လုပ်ငန်းများ၊ တံတားသံ ပေါင်များ တပ်ဆင်မည့်အခြေအ နေတို့အား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အေးချမ်းမွန် Credit To >Yangon Media Group < Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top