0


ကမ်းပြိုမှု ဆိုးရွားနေသော ဟင်္သာတမြို့နယ်၊ ကျောက်ရဲကျေးရွာတွင် အလျားပေ ၃၀၀၀ ခန့်ရှိ ရေကာရေလွှဲတန်း ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

လာမည့် "ဒီဇင်ဘာလအတွင်း ရေလမ်းဆိုင်ရာ အချက်အလက် ရရှိနိုင်ရေးအတွက် ရေလမ်းတိုင်းတာမှုများ ဆောင်ရွက်မည်ဖြစ်ပြီး တိုင်းတာရရှိသည့် အချက်အလက်များနှင့် ရေပုံ၊ မြေပုံပေါ် မူတည်ကာ ဦးစားပေး သင့်သည့်နေရာ၊ လုပ်သင့်လုပ်ထိုက်သည့် နေရာများကို စိစစ်ရွေးချယ်ပြီး ဒေသခံများနှင့် ပူးပေါင်းကာ မြစ်ချောင်းဖြိုးဌာနမှ ကြီးကြပ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ စိစစ်ရွေးချယ် ပြီးသည်နှင့် လုပ်ငန်းတင်ဒါခေါ်ကာ ဆောင်ရွက်သွားမည်ဖြစ်ပြီး ခန့်မှန်းကုန်ကျငွေ ကျပ် ၂၃၁ သိန်း လျာထားကြောင်း သိရသည်။

ကျောက်ရဲကျေးရွာ ကမ်းပြိုမှုနှင့် ပတ်သက်၍ "ပဲခူးဘက်က လက်ပံတန်း၊ အိုင်တလုတ်က ရေစီးကြောင်းက နွေကာလ မိုးနှောင်းပိုင်းကစပြီး ကျောက်ရဲ (အောင်ချမ်းသာ) ရွာဘက်ကို ဦးတိုက်တယ်။ အဲဒီ့နေရာတွေရဲ့မြေက သဲဆန်တဲ့ မြေအမျိုးအစား။ တစ်တောင်ဆစ် အချိုးရေ ဦးတိုက်တဲ့နေရာမှာ ရှိနေတဲ့အတွက် ရေတိုက်စားတာကို တော်တော်လေး ခံနေရတယ်။ လတ်တလော ကမ်းပြိုမှုတွေ ဆက်ဖြစ်နေတာကြောင့် ဒေသခံတွေကလည်း ကိုယ်ထူကိုယ်ထ အင်အားနဲ့ ကာကွယ်လိုတဲ့အတွက် မြစ်ချောင်းဖြိုးဌာန အနေနဲ့ ကမ်းပြိုမှု အကြီးစား ကာကွယ်ရေး လုပ်ငန်းမလုပ်ပေး ခင်မှာလည်း ဌာနက ကွင်းဆင်းပြီး လိုအပ်တာတွေကို အကြုံပြု လမ်းညွှန်ပေါင်းစပ် ဆောင်ရွက်ပေးနေပါတယ်" ဟု ဟင်္သာတ မြစ်ချောင်းဖြိုး ဦးစီးမှူး ဦးလှသိန်းက ဆိုသည်။

ကမ်းပါးပြိုကျနေသော ကျောက်ရဲကျေးရွာအား တွေ့ရစဉ်

အေးချမ်းမွန် Credit To >Eleven Media Group https://www.facebook.com/excellencemedia

Post a Comment

 
Top