0

တမူး၊ နိုဝင်ဘာ ၉။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကဘော်ချိုင့်ဝှမ်းဒေသ
တမူးမြို့တွင် အစိုးရလျှပ်စစ်ဌာနမှထုတ်ပေးသည့်
နေ့စဉ် လျှပ်စစ်မီး ၃နာရီ ခွဲတမ်း ပေးကြောင်း
တမူးမြို့ လျှပ်စစ်ဓာတ်အားထုတ်ပေးရေးအဖွဲ့
တာဝန်ရှိသူတစ်ဦး ကပြောကြားသည်။

အိန္ဒိယနယ်စပ်မြို့ တမူးမြို့တွင် မြို့မိမြို့ဖများဖြင့်
ဖွဲ့ထားသည့် မီးလင်းရေးကော်မတီနှင့် လျှပ်စစ်
ဌာနတို့ပူးပေါင်း၍ တမူးမြို့ ရပ်ကွက်ကြီး ၄ခု၏
၂၄ ရာခိုင်နှုန်းခန့်သာ မီးပေးနိုင်သေးကြောင်း
၎င်းက ရှင်းပြသည်။

အစိုးရနှင့်မီးလင်းရေးအဖွဲ့မှ ပူးပေါင်း၍ တမူးမြို့၏
၂၀ရာခိုင်နှုန်းသာ လျှပ်စစ်မီးပေးနိုင်ခြင်းကြောင်
မြို့ခံလူထုမှ ပုဂ္ဂလိက ဖွဲ့မီးစက်များမှ ရောင်းချသော
လျှပ်စစ်မီးကိုသာ အားကိုးနေရသည်။

တမူးမြို့ကိုလျှပ်စစ်ရောင်းချပေးနေသော ရွှေဝါဝင်း
မီးစက်မှ ရပ်ကွက် ၂ခုကို တနေ့လျှင် ၃နာရီခန့် အကြာညနေ၆နာရီမှ၉နာရီထိ တစ်ယူနစ် ၇၀၀ကျပ်
ဖြင့် ရောင်းချကြောင်း တမူးလူငယ်ကွန်ရက်အဖွဲ့ ဝင်
မခိုင်စိုးဦး ကပြောကြားသည်။

“အစိုးရလျှပ်စစ်က သူ့ရုံးဝန်းကျင်နဲ့ ဆေးရုံလောက်ပဲ
ပေးနိုင်တာပါ ၊ တမြို့လုံး ဖွဲမီးပဲ ဝယ်သုံးနေရတာ။
ဒါတောင် တနေ့ မှ ၃နာရီပဲရတာ” ဟု ၎င်းကဆိုသည်။

၂၀၁၄ခုနှစ်အတွင်း အစိုးရနှင့် အိန္ဒိယပူးပေါင်း၍
တမူးမြို့၊ ပါဟဲချောင်းမှ ရေးအားလျှပ်စစ်ထုတ်၍
မီးပေးနိုင်ရန် သတင်းများ ထွက်ပေါ်နေပြီး ယခု
ရက်ပိုင်းအတွင်း အိန္ဒိယအင်ဂျင်နီယာများ လာ
ရောက် တိုင်းတာနေသည့်ကိုတွေ့မြင်ရကြောင်း တမူးမြို့ခံများထံမှသိရသည်။

အိန္ဒိယနယ်စပ်ကဘော်ချိုင်ဝှမ်းဒေသ တမူးမြို့တွင်
ရပ်ကွက်ကြီး ၄ခုဖြစ်သည့် စော်ဘွား၊ စန္ဒကူး၊ ဈေး
တန်း၊ မြို့မ ရပ်ကွက်များရှိသည်။

ရေးသားသူ-ဇေနွေထွန်း
တည်းဖြတ်သူ-နီတိုး

အေးချမ်းမွန် Credit To > People power https://www.facebook.com/excellencemedia

Post a Comment

 
Top