Saturday, November 30, 2013
ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် ကွမ်းခြံကုန်းအုပ်စု ဂွေးတောက်ကွင်းရွာ ဝိသုဒ္ဓါရာမ ဘုန်းတော်ကြီးကျောင်းတွင် နိုဝင်ဘာလ ၂၇ ရက်နေ့ ညပိုင်းက ငွေနှင့် ရှေးဟောင်း ငွေဒင်္ဂါးများ ခိုးယူခံရကြောင်း ဒေသခံများထံမှ သိရသည်။
ခိုးယူခံရသည့် ပစ္စည်းများတွင် ငွေသားကျပ် ၂၃ သိန်းကျော်၊ ဂျော့ဘုရင် တံဆိပ်၊ ဝေလတံဆိပ်ပါ လွန်ခဲ့သည့် နှစ်ပေါင်း တစ်ရာကျော်က ရှေးဟောင်း ငွေင်္ဂါး အပြားသုံးဆယ်နှင့် ဒေါင်းတံဆိပ်ပါ ရှေးဟောင်း ငွေခွက်နှစ်ခုတို့ ဖြစ်ကြောင်း ဝိသုဒ္ဓါရာမ ကျောင်းတိုက် ဆရာတော် အရှင်ဦးသုဓမ္မာစာရက မိန့်ကြားသည်။
ကွမ်းခြံကုန်း ကျေးရွာအုပ်စု မူလတန်းကျောင်းတွင် ယင်းညက တရားပွဲ ရှိသဖြင့် ည ၇ နာရီ ဝန်းကျင်တွင် ကျောင်းမှ ထွက်သွားခဲ့ပြီး ပြန်ရောက်ချိန် ည ၁၀ နာရီ ဝန်းကျင်တွင် ကျောင်းတံခါး ပွင့်နေသည်ကို တွေ့ရှိရ၍ စစ်ဆေးကြည့်ရာမှ ယင်းပစ္စည်းများ ပျောက်ဆုံးနေသည်ကို သိရကြောင်း ဆရာတော်က မိန့်ကြားသည်။
ယင်းခိုးမှုကို ကွမ်းခြံကုန်းအုပ်စု အုပ်ချုပ်ရေးမှူးက တရားလို ပြုလုပ်ကာ အမှုဖွင့်ထားပြီး လေးမျက်နှာ ရဲတပ်ဖွဲ့စခန်းက (ပ) ၅၉/၂၀၁၃၊ ပုဒ်မ ၃၈၀ ဖြင့် အရေးယူထားကြောင်း ဟင်္သာတ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
အေးချမ်းမွန် Credit To >The Voice Weekly< Thankhttps://www.facebook.com/
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.