မကောင်းမှုကိုအစပြုပြီးတဲ့ လူတစ်ယောက်ဟာ
မိဘဆရာသမားများဘယ်လောက်ပဲ ဆုံးမဆုံးမ
ပြင်ရခက်တယ်ဆိုပြီး အကျင့်ပါနေကြတယ်။
ချမှတ်ထားတဲ့စည်းကမ်းကိုဖောက်ဖျက်နေတဲ့
လူတစ်ယောက်ဟာအကြိမ်ကြိမ်ဖောက်ဖျက်ဖို့
ဝန်မလေးပြန်ဘူး။
ရတဲ့အခွင့်အရေးထက်ကျော်လွန်ပြီးသုံးတတ်တဲ့
လူတွေဟာအအခွင့်အရေးမှန်သမျှထက်ပိုပြီးရယူဖို့
ဝန်မလေးပြန်ဘူး။
စည်ပျက်ကမ်းပျက်အကျင့်ပါပျက်လာတဲ့လူဟာ
ကြာလာတဲ့အခါဘဝပါပျက်တတ်တယ်။ဘယ်သူမပြု
မိမိအမှုသာဖြစ်ပါတယ်။ဘယ်သူကြောင့်မှ ဘဝ
ပျက်ရတာမဟုတ်ပါဘူး။ ကိုယ်ဘဝကိုယ် ဖျက်ဆီး
နေတာပါ။ မကောင်းတဲ့အကျင့်ကိုမပြင်ပဲ ငါက
ဘာလုပ်နေလို့လဲလို့ ပြသနာရှာတတ်ပါတယ်။
အခွင့်အရေးဟူသမျှ ကျော်လွန်အသုံးပြုမှုကိုအမှန်
အတိုင်းဝန်မခံပဲ ဒါကိုရပိုင့်ခွင့်ပဲလို့လဲ ငြင်းဆိုတတ်
ပါသေးတယ်။ဘဝမှာမကောင်းဘူးဆိုတဲ့အကျင့်ကို
ပြင်နိုင်တဲ့ လူကလူကောင်းဖြစ်ခွင့်သူတော်ကောင်း
ဖြစ်ခွင့်အများကြီးရနိုင်ပါတယ်။ လမ်းညွန်ဆုံးမပေး
တတ်သူကို အပြစ်မြင်နေရင်တော့ ဘာမှဆက်လုပ်
စရာမလိုတော့ပါဘူး။
- အရှင်ဝိလာသဂ္ဂ
( ဗောဓိမြိုင်သစ္စာရွှေပြည်ဓမ္မရိပ်သာဆရာတော်)
Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm
အေးချမ်းမွန် Credit To >Young Buddhist's Association
Post a Comment