0

Wednesday, November 20, 2013

Kpop အစည်းအရုံးရဲ့ vice-president ဖြစ်သူ Daniel Lee ဟာ မင်းသမီး Ailee ရဲ့ ဓါတ်ပုံတွေ ရောင်းချင်ပါတယ်လို့ ဖုန်းထဲကပြောလာသူရဲ့ အသံဟာ သူပါပဲလို့ အတည်ပြုလိုက် ပါတယ်။

သူဆိုတာကတော့ Ailee ရဲ့ ယခင်ရည်းစားဟောင်းဖြစ်သူကို ပြောတာပါ။ ဖုန်းဆက်ပြီးတော့ သူ့လက်ဝယ်မှာ ရှိထားတဲ့အဲ့ဒီပုံတွေကို ရောင်းချရန် ဈေးစကား ပြောချင်တဲ့အတွက် Kpop အမှုဆောင် အရာရှိဆီကို ကမ်းလှမ်းခဲ့ပါတယ်။

ဒါပေမယ့် မီဒီယာအနေနဲ့ အဲဒီ ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်တဲ့အတွက် ဓါတ်ပုံတစ်ချို့ကို သူ့ဘာသာပဲ အများပြည်သူ သိအောင် သူ့ရဲ့websiteမှာ ထုတ်ဖော် ပြသမှုတွေ ပြုလုပ်လိုက်ပါတယ်။ Lee နဲ့ သက်ဆိုင်ရာတာဝန်ရှိသူ အားလုံးတို့ဟာ ဒီတပါတ် တနင်္ဂနွေနေ့က သူမရဲ့ ခွင့်ပြုချက်မပါဘဲနဲ့ တင်လိုက်တဲ့ အဲ့ဒီ အဖော်အချွတ်ပုံတွေနဲ့ပတ်သက်လို့ သူမရဲ့ fans တွေဆီက အရေးကြီး တုံ့ပြန်ချက်တွေ အတော်လေးဖြေရှင်းနေရပါတယ်။

ဗုဒ္ဓဟူးနေ့မှာတော့ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ပြီး ဒီဖြစ်ရပ်ဟာ Ailee ကို အတော်လေးပဲ ရှော့ခ်ရိုက်စေခဲ့ကြောင်း ၊ သူမ အတော်လေးလည်း ခံစားရကြောင်း YMC သတင်းဌာနက ဖော်ပြပါတယ်။

“ဒီလို စိတ်ဒဏ်ရာမျိုးရရှိထားနေချိန်မှာတောင် သူမဟာ သူမရဲ့ အိပ်မက်တွေဆီကို ဆက်လက် လျှောက်လှမ်းနေဆဲပါ။ ဒါကြောင့်လည်း ကျွန်တော်တို့က ဒီဓါတ်ပုံတွေဟာ သူမကို ထပ်ပြီး နာကျင်စေလိမ့် ဦးမှာလားလို့တောင် စိုးရိမ်နေကြပါတယ်” လို့ ထပ်ပြောသွားပါသေးတယ်။

Ref:kpopstarz
Trend Myanmar

အေးချမ်းမွန် Credit To > Trend Myanmar https://www.facebook.com/excellencemedia

Post a Comment

 
Top