0

အစိုးရ ဆက်သွယ်ရေး ၀န်ကြီးဌာနဟာ လစဉ် မိုဘိုင်းဖုန်း ဆင်းကဒ် ခွဲတမ်းနဲ့ရောင်းချပေးရေး အစီအစဉ်အရ အောက်တိုဘာ အတွက် ဆင်းကဒ် စုစုပေါင်း ၃ သိန်း ၆ သောင်း ရောင်းချပေးမယ်လို့ အောက်တိုဘာလ ၁၈ ရက်နေ့ က ထုတ်ပြန်ကြေငြာပါတယ်။ရိုးရိုး ဂျီအက်စ်အမ် ဆင်းကဒ်
၂၅၈၀၀၀ နဲ့ 3G ဂျီအက်စ်အမ် ဆင်းကဒ် ၁၀၂၀၀၀ ပါဝင်ပြီး စီဒီအမ်အေ ဆင်းကဒ်တွေတော့ပါဝင်ခြင်း မရှိတော့ပါဘူး။ ။ အစိုးရက ကျပ် ၁၅၀၀ သတ်မှတ်ပြီး ခွဲတမ်းနဲ့ရောင်းပေးနေတဲ့ ဆင်းကဒ် အမျိုးအစား အားလုံးနီးပါး အပြင်မှာ ကျပ် တစ်သိန်းကျော်ဈေးပေါက်နေပါတယ်။
မြန်မာ့ဆက်သွယ်ရေးဟာ လက်ရှိအချိန်ထိ မိုဘိုင်းဖုန်း ၆ သန်းနီးပါး တပ်ဆင်ထားနိုင်ပြီး၊ ဒါဟာ လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းပဲရှိသလို အာစီယံ(၁၀) နိုင်ငံထဲမှာ ပြည်သူတွေ မိုဘိုင်းဖုန်းကိုင်ဆောင်မှုရာခိုင်နှုန်း အနိမ့်ဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်နေပါသေးတယ်။

အေးချမ်းမွန် Credit To >DVB TV Newshttps://www.facebook.com/excellencemedia

Post a Comment

 
Top