0


Wednesday, October 30, 2013

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေအား အောက်တိုဘာလ
၈ ရက်နေ့က ကျင်းပသော ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်တွင် အတည်ပြုပြဌာန်းခဲ့ပြီး နည်းဥပဒေ ထွက်ရှိလာပါက ခွင့်ပြုချက်မဲ့ အဆောက်အဦ၊ ကန်ထရိုက် အပါအ၀င် အိမ်ရှင်၊ ပန်းရံ လက်သမားပါ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာရေး
ကော်မတီမှ အောက်တိုဘာလ ၂၉ ရက်နေ့က ပြုလုပ်သော သတင်းစာ
ရှင်းလင်းပွဲမှ သိရသည်။

အဆိုပါနည်းဥပဒေအား ရေးဆွဲရခြင်းမှာလည်း “ခွင့်ပြုချက်မဲ့ အဆောက်
အဦများဆောက်လုပ်ခြင်းကိုထိရောက် စွာအရေးယူနိုင်ရန်အတွက် ” ဖြစ်ကြောင်း ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီမှ ဒုတိယဌာနမှူး ဦးထွေးကြည်က ပြောသည်။

“ဆွဲပြီးတဲ့နေ့ထွက်မယ် ခွင့်ပြုချက်မဲ့ အဆောက်အဦတွေကို အရေးယူချင်လို့  ဒီလိုလုပ်တာ ဒီဥပဒေဘယ်တော့ ပြီးမလဲဆိုတာပြောလို့  မရဘူး” ဟု ဆိုသည်။

ယင်းကဲ့သို့ ပြောကြားချက်နှင့် ပတ်သက်၍ ပန်းရံလုပ်ငန်းလုပ်ကိုင်နေသူ ကိုလူမော်က “ဒါကတော့ ကျွန်တော်တို့ နဲ့ မဆိုင်ဘူး ကန်ထရိုက်ကသာ
လုပ်တာ ပြီးတော့ သူတို့ဘာသာ စည်ပင်ကလူတွေနဲ့ နားလည်မှုယူပြီးတော့ လုပ်ကျတာ” ဟု ပြောသည်။

လက်ရှိရန်ကုန်မြို့ ၌ ခွင့်ပြုချက်မဲ့ ဆောက်လုပ်ခြင်း၊ ခွင့်ပြုချက်ထက် ကျော်
လွန်ဆောက်လုပ်သည့် အဆောက် အဦ ၁၁၀၀ ကျော်ရှိကြောင်း ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မတီ အဆောက်အအုံနှင့်အ င်ဂျင်နီယာ ဌာနမှ ထုတ်ပြန်ချက်များ အရ သိရသည်။

“ခွင့်ပြုချက်နဲ့ဆောက်တဲ့ အဆောက်အဦတွေကို နှစ်ကာလ အတိုင်းအတာနဲ့ တာဝန်ယူတယ်။ ခွင့်ပြုချက်မဲ့ဆောက်တဲ့ အဆောက်အဦတွေကိုတော့ တာဝန်မယူဘူး” ဟု ရန်ကုန်မြို့တော်စ ည်ပင်သာယာရေးကော်မတီမှ ဌာနမှူး ဦးမောင်မောင်ဖော်က ပြောသည်။

ခွင့်ပြုချက်မဲ့ အဆောက်အဦ၊ ခွင့်ပြုချက်ထက်ကျော်လွန် ဆောက်အဦ
အများဆုံးဆောက်သည့် ခရိုင်များသည် ရန်ကုန်မြို့အရှေ့ပိုင်း ခရိုင်နှင့်
မြောက်ပိုင်းခရိုင် အများဆုံးဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်၏ ပြောဆို
ချက်အရ သိရသည်။

ရန်ကုန်မြို့ တွင် ခွင့်ပြုချက်မဲ့ အဆောက်အဦဆောက်လုပ်ခြင်း၊ ခွင့်ပြုချက်ထက် ကျော်လွန်ဆောက်လုပ်ခြင်းများအား ယခင်က အရေးယူဆောင်ရွက်ရာတွင် ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ဥပဒေ ပုဒ်မ ၂၈၊ ပုဒ်မ ၂၉ ဖြင့် ဒဏ်ငွေသာချ မှတ်နိုင်ခဲ့ပြီး အောက်တိုဘာလ ၈ ရက်နေ့က အတည်ပြုပြဌာန်းခဲ့သည့် ဥပဒေ အသစ်တွင် ပြစ်ဒဏ်များအား တိုးမြင့်ထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ဌာနမှူးဦးမောင်မောင်ဖော်၏ ပြောပြချက်တွင်ပါရှိချက်အရ သိရသည်။

နှင်းနွယ်
The Myanma Age

အေးချမ်းမွန် Credit To > The Myanma Agehttps://www.facebook.com/excellencemedia

Post a Comment

 
Top