မြန်မာသိ
ကမ္ဘာသိ
အားလုံးသိထာပြီးတဲ.သူ ....။
ရနံ.သတင်း
ပျံ.သင်းသန်.ရှင်း
ကောင်းခြင်းတွေနဲ.နေတဲ.သူ ...။
မနောမပုတ်
သဘောမယုတ်
အပြောမဟုတ်
အလုပ်တွေနဲ.သက်သေပြနေသူ ...။
အဆင်အသွေး
အထင်မသေး
အမြင်မဝေး
ယဉ်ကျေးမှုကိုသရဖူဆောင်းထားသူ ...။
မိဘဂုဏ်
အမျိုးဂုဏ်
ဇာတိဂုဏ်
မြတ်သောဂုဏ်တွေပိုင်ထားသူ ...။
ကုဋေတစ်သန်း
ခြေတစ်လှမ်း
လှမ်းတိုင်းအဓိပ္ပာယ်ရှိနေသူ ...။
မာယာမများ
စာနာသနား
အများသဘောလည်းတောင်းတဲ.သူ
စကားပြောလည်းကောင်းတဲ.သူ
တရားဟောလည်းကောင်းတဲ.သူ ...။
စိန်ရွှေမဆင်
အိနြေ္ဒသခင်
ကေသာဆံမျှင် ပန်းအလှ
ခြုံပ၀ါစနှင်. ယဉ်နေသူ....။
ွှအရာရာ အလိမ္မာ
မြန်မာပီသ
ဂီတနှင်.စာပေ
ဥပဒေကို အလေးထား
ပညာရေးတွေဖွံ.ဖြိုး
မြန်မာပြည်တိုးတက်
မိုးထက်ကိုထိုးဖောက်
အမြင်.ကိုရောက်စေချင်သူ ...။
မတုမနှိုင်း
သူ.သမိုင်းဟာလှပ
အရိုင်းမရှိ
တိုင်းသိပြည်သိ ကမ္ဘာသိ ...။
ပကာသနမခြုံ
မာနမခြုံ
စာသ မကုန်တဲ. သူ.စိတ်ဓာတ်
မြင်.မြတ်ခြင်းရဲ.ဂုဏ်ဒြပ်ပေါ. ....။
နေသူရိန်လိုရဲရင်.တောက်ပ
ကြယ်တာရာလိုလင်းလက်
လမင်းလိုဝင်းထိန်
ငြိမ်းချမ်းခြင်းကိုလိုလား
ဆုလာတ်တံဆိပ်များစွာရယူထားသူ ...။
ဒီမိုကရေစီလူ.အခွင်.အရေး
အားလုံးနှင်.သူဆွေးနွေး
ြိမ်းချမ်းရေးနိုဘယ်ဆုရှင်
ကမ္ဘာတစ်ခွင်စံထား
လေးစားဂုဏ်ယူအားကျစရာ
ဒီမိုကရေစီသူရဲကောင်း
ပြည်သူအပေါင်း နှုတ်ဖျားမှာရေပန်းစား
မြန်မာပြည်သမိုင်းကြောင်းမှာ
အပြောင်းအလဲတွေဖြစ်လည်း
ဘယ်တော့မှ မဟောင်းဘဲသစ်
ဂန္တ၀င်ဖြစ်နေမယ်ဆိုတာ
မိတ်ဆွေ ထာဝရယုံနေပါ....။
ကျော်ဝင်းသက်
အေးချမ်းမွန် Credit To > ခေတ်သတင်း
Post a Comment