လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနလက်အောက်က
မြေသြဇာ ကော်မတီဟာသူတို့ဆီမှာ မှတ်ပုံတင်ခြင်း မရှိပဲ ဈေးကွက်ထဲ
ရောင်းချနေတဲ့မြေသြဇာ ၂၅မျိုးရဲ့ စာရင်းကို ကြေငြာလိုက်ပါတယ်။ရန်ကုန်၊ မွန်ပြည်နယ်၊ ပဲခူးနဲ့တနင်္သာရီတိုင်းအတွင်းမှာ ရောင်းချနေတဲ့ ထိုင်းနဲ့ တရုတ်နိုင်ငံက၀င်ရောက်လာတဲ့ အဲဒီ် မြေသြဇာတွေဟာ ကော်မတီမှာ မှတ်ပုံတင်မထားတဲ့အတွက်အရည်အသွေးနဲ့ စံချိန်စံညွှန်းကိုအာမ
မခံနိုင်ဘူးလို့ ကြေငြာချက်မှာဖော်ပြထားပါတယ်။ဒီအတွက် အဲဒီ
မြေသြဇာတွေကို သုံးစွဲရင်သီးနှံအထွက်နှုန်း ထိခိုက်နိုင်တယ်၊ စီးပွားရေး တွက်ခြေမကိုက်ပဲဆုံးရှုံးနိုင်တယ်၊ ဒါကြောင့် ကော်မတီမှာ
မှတ်ပုံတင်ထားတာတွေကိုပဲသုံးစွဲသင့်တယ်လို့ တိုက်တွန်းထားပါတယ်။
ကော်မတီမှာ မှတ်ပုံတင်မထားတဲ့မြေသြဇာတွေကို ထုတ်လုပ်၊ ဖြန့်ဖြူး၊
ရောင်းချခဲ့ရင်မြေသြဇာ ဥပဒေ ပုဒ်မ၃၁-၃၂-၃၃-၃၄-၃၅ အရ အရေးယူခံရမယ်လို့လည်း သတိပေးထားပါတယ်။ အခုလိုကြေငြာချက် ထုတ်ပြန်ခဲ့ပေမယ့် အဲဒီမြေသြဇာတွေရဲ့ အရည်အသွေးကို
စနစ်တကျစမ်းသပ် စစ်ဆေးပြီးမှ ထုတ်ပြန်ခဲ့တဲ့ ကြေငြာချက်မျိုးတော့ မဟုတ်ကြောင်းစုံစမ်း သိရပါတယ်။
အေးချမ်းမွန် Credit To > DVB TV News
Post a Comment