Monday, October 21, 2013
သီတင်းကျွတ်လပြည့်နေ့နှင့် လပြည့်ကျော်(၁)ရက်နေ့တွင် မိုးညှင်းမြို့ အရှေ့ကျောင်း ပရိယတ္တိ စာသင်တိုက်ကြီး ၀င်းအတွင်း အရှေ့စုရပ်ကွက် တိုင်လိုင်(ရှမ်းနီ)ပါတီဝင် လူငယ်မောင်မယ်များမှ စုပေါင်း၍ တိုင်လိုင်(ရှမ်းနီ) တိုင်းရင်းသားများ၏ ရိုးရာအကပဒေသာများဖြင့် ဖျော်ဖြေခဲ့ကြသည်။
ရှမ်းနီလူမျိုးနှင့် ရိုးရာ ပေါ်ပေါက်ရေးနှင့် ဘုရားကြီးအလှူတော်ငွများ ရရှိရေးအတွက် ရည်ရွယ်၍ ဖျော်ဖြေမှုများ ပြုလုပ်ခဲ့ကြောင်း ရှမ်းနီ
လူငယ်များထံမှ သိရသည်။
“ကျွန်တော်တို့ လူငယ်တွေစုပြီး ရင်းနှီးတဲ့သူတွေဆီမှာ အလှူခံခဲ့တာ ကျပ်နှစ်သိန်းခွဲ ရပါတယ်။ အဲဒီ အလှူငွေနဲ့ပဲ ရိုးရာအက(၁၂)မျိုးဖြင့် နှစ်ည
တိတိ ဖျော်ဖြေခဲ့ပါတယ်။ မိုးညှင်းမှာ ဘယ်နေရာမှ ပွဲမရှိလို့ အစည်ကား
ဆုံးဖြစ်ခဲ့ပါတယ်။ ရိုးရာယဉ်ကျေးမှုလည်း ဖော်ထုတ်၊ ဘုရားကြီးလည်း အလှူငွေရဆိုတော့ ကျွန်တော်တို့ လုပ်ဆောင်ချက်ဟာ အောင်မြင်တယ်လို့
ပြောလို့ ရပါတယ်”ဟု ရှမ်းနီလူငယ်တာဝန်ခံ ကိုညီညီက ပြောသည်။
“အရှေ့စုရပ်ကွက် ရှမ်းနီလူငယ်တွေ လာရောက်ဖျော်ဖြေပေးကြတော့ စာသင်တိုက်ဝင်း၊ ကျောင်ဝင်းနဲ့ ရွှေသာလျှောင်းဘုရားကြီးမှာ လူအစည်းကားဆုံးပါဘဲ။ အလှူငွေလည်း ၂၅သိန်းကျော်ရခဲ့လို့ ရှမ်းနီလူငယ်တွေကို ကျေးဇူးတင်ရပါတယ်”ဟု ဘုရားကြီးဂေါပက က ပြောသည်။
အမျိုးဘာသာ သာသနာကို စောင့်ရှောက်သွားမည့် မည်သည့် အဖွဲ့အစည်း
မဆို စည်းကမ်းတကျဖြင့် ကျင်းပသွားလျှင် ခွင့်ပြုသါားမည်ဖြစ်ကြောင်း ဆရာတော်က မိန့်ကြားခဲ့သည်။
သီဟအောင်(ကချင်)
The Myanma Age
အေးချမ်းမွန် Credit To > The Myanma Age
Post a Comment