ဝါရှင်တန် အောက်တိုဘာ ၂၂
အမေရိကန် ကာကွယ်ရေး အသုံးစရိတ်လျှော့ချမှုသည် ကြည်းတပ်၏မြေပြင် တိုက်ခိုက်ရေး ယာဉ်သစ်များ ထုတ်လုပ်မည့် အစီအစဉ်နှင့် အခြားစစ်လက်နက် ပစ္စည်းများ
ဝယ်ယူရေး အစီအစဉ်များအပေါ် ထိခိုက်စေမည်ဖြစ်ကြောင်း နှင့် အချို့အစီအစဉ်များကို ရပ်ဆိုင်းခြင်း သို့မဟုတ် ဖျက်သိမ်းခြင်း ပြုလုပ်ရဖွယ်ရှိကြောင်း အမေရိကန် ကြည်းတပ်ဆိုင်ရာ ဝန်ကြီး John McHugh က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ဖော်ပြောကြား ခဲ့သည်ဟု အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။
အမေရိကန် ကြည်းတပ် ခေါင်းဆောင်များသည် စစ်လက်နက် ပစ္စည်းသစ်များ ထုတ်လုပ်ရေး အစီအစဉ်များရှိ ရင်းနှီး မြှုပ်နှံမှုများကို အကာအကွယ်ပေးရန် ကြိုးပမ်းလျက် ရှိကြောင်း၊ သို့သော် အချို့ အစီအစဉ်များကို ရပ်ဆိုင်းရဖွယ်ရှိကြောင်းနှင့် အဓိက ဦးစားပေးအဖြစ် ကြည်းတပ်၏ ဆက်သွယ်ရေးနှင့် ကွန်ပျူတာ ကွန်ရက်များကို အဆင့်မြှင့်တင်ရန်နှင့် မြေပြင်တိုက်ခိုက်ရေး ယာဉ်သစ်များကို ထုတ်လုပ်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်းလည်း McHugh ကပြောကြားခဲ့သည်။ ထို့အပြင် လက်ရှိ အသုံးပြုနေသော Humvees ယာဉ်များနေရာတွင် အစားထိုးမည့် ပူးတွဲအပေါ့စား နည်းဗျူဟာမြောက် ယာဉ်ထုတ်လုပ်ရေး အစီအစဉ်နှင့် Uh-60၊ CH-47 နှင့် Apache ရဟတ်ယာဉ်များ အစားထိုး အသုံးပြုရေး အစီအစဉ်များမှာ အဓိက ဦးစားပေး အစီအစဉ်များ ဖြစ်ကြောင်းနှင့် အသုံးစရိတ်များ လျှော့ချမှုကြောင့် လာမည့်လေးနှစ်မှ ငါးနှစ်အထိ စစ်လက်နက် ပစ္စည်းများ ဝယ်ယူရေး အစီအစဉ်အချို့ကို ရပ်ဆိုင်းရဖွယ်ရှိကြောင်း သိရသည်။
http://www.myawady.net.mm/allnews/global/item/28624-2013-10-23-08-56-47
အေးချမ်းမွန် Credit To > မြ၀တီ
Post a Comment