31.10.2013
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နဘားဘူတာတွင် အသက် (၁၈)နှစ်အရွယ် ရထားဈေးသည်မလေးတစ်ဦးအား ယခုလ ၂၇ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်က ဓားပြခြိမ်းခြောက်ပြီး၊ ပါးစပ်ကိုပလာစတာဖြင့် ကပ်၍ပိတ်ကာ လက်ကိုကြိုးတုတ်၍ အလိုမတူဘဲ အမျိုးသားတစ်ဦးမှ သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့သည်ဟု မှုခင်းဆိုင်ရာ မှတ်တမ်းများအရ ရဲဝန်ထမ်းတစ်ဦး ထံမှ သိရသည်။
ထိုသို့ အလိုမတူဘဲ သားမယားအဖြစ် အဓမ္မပြုကျင့်ခြင်းခံရသည့် အသက် (၁၈)နှစ်အရွယ် အမျိုးသမီးငယ်လေးသည် အင်းတော် မီးရထားဘူတာ၌ ထမင်းရောင်းသည့် ဈေးသည်မလေး တစ်ဦးဖြစ်ကြောင်း သိရသည်။
ထိုနေ့က မန္တလေး ရထားဆိုက်ရောက်ချိန်တွင် အဓမ္မပြုကျင့်ခြင်းခံရသည့် ရထားဈေးသည်မလေးသည် ထမင်းများလိုက်လံ ရောင်းချပြီးနောက် ဘူတာအနီး စိန်ပန်းပင်အောက်ရှိ ခုံတန်းလျားပေါ်တွင် ထိုင်နေစဉ် သူမနှင့် တစ်ရပ်ကွက်တည်းနေ အသက် (၂၁)အရွယ် အမျိုးသားတစ်ဦးက သူမအနီးသို့ ရောက်ရှိလာပြီး ထိုသူမှ စောင်ယူပေးရန် သူမအား ခိုင်းစေခဲ့သည် ဟု သူမမှဆိုသည်။
ထို့နောက် ထိုသူသည် သူမအား အိပ်ရအောင်ဟု ပြောဆိုခဲ့သဖြင့် သူမက ငြင်းဆန်းခဲ့ရာ ၁၅ မိနစ်ခန့်အကြာတွင် ထိုသူမှ ဓားဖြင့်ခြိမ်းခြောက်ပြီး၊ သူမ၏ ပါးစပ်ကို ပလာစတာဖြင့်ကပ်၍ ပိတ်ခဲ့သည်။ ထိုမျှမက သူမ၏ လက်ကိုလည်း ထိုသူမှ ကြိုးဖြင့် ချည်နှောင်တုတ်၍ သူမ၏ အလိုမတူဘဲ သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ သူမက ကျေနပ်မှုမရှိသည့်အတွက် ယခုလ ၂၉ ရက်နေ့ည ၉ နာရီအချိန်တွင် အင်းတော်မြို့မ ရဲစခန်းသို့သွားရောက်၍ အမှုဖွင့်အရေးယူပေးရန် ထိုင်ကြားခဲ့ခြင်းဖြစ်သည်။ ၎င်း တိုင်ကြားချက်အား ရဲစခန်းက (ပ) ၂၂၃/ ၂၀၁၃ ပြစ်မှုပုဒ်မ ၃၇၆ အရ အမှုရေးဖွင့်၍ လက်ခံဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထိုအမှုအား စစ်ဆေးဆောင်ရွက်နိုင်ရန် ရဲစခန်းမှူး ဒုရဲမှူး မျိုးညွှန့်သန်းမှ အမှုစစ်တာဝန်များ ရယူလက်ခံထားကြောင်း စုံစမ်းသိရှိရသည်။
မြန်မာအမျိုးသမီးငယ်များ အလိုမတူဘဲ သားမယားအဖြစ် အဓမ္မပြုကျင့်ခံရခြင်း ဘေးအန္တရာယ်မှ ကင်းဝေးစေရန်အတွက် အသိပညာပေး ဆောင်ရွက်မှု လုပ်ငန်းများအား ထိုဒေသတွင် ပြုလုပ်သွားရန် သက်ဆိုင်ရာမှ အပူတပြင်း စီးစဉ်ဆောင်ရွက် လျက်ရှိကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
သတင်း၊ ကိုတိုးကြီး (ဖေ့ဘုတ်)
အေးချမ်းမွန် Credit To >Shan News
Post a Comment