0


ရန်ကုန် အောက်တိုဘာ ၂၂

အာဖရိက ငါးခူ မွေးမြူရေး လုပ်ငန်းကို မြန်မာနိုင်ငံတွင် လုပ်ကိုင် ခွင့်ပြုမည် မဟုတ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ သိရသည်။

''ကျွန်တော်တို့ အခုရက်ပိုင်းမှာ အင်ဒိုနီးရှား နိုင်ငံကို သွားရောက်ခဲ့တယ်။ နိုင်ငံအတော် များများမှာ မွေးမြူခွင့် ပိတ်ပင်ထားတဲ့ အာဖရိက ငါးခူကို အင်ဒိုနီးရှား နိုင်ငံက စီးပွားဖြစ် မွေးမြူနေတယ်။ ဒါပေမဲ့ ဒီမှာတော့ အာဖရိကငါးခူ မွေးမြူရေး လုပ်ငန်းကို လုပ်ကိုင်ခွင့်ပြု သွားမှာ မဟုတ်ပါဘူး''ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောကြားခဲ့သည်။

ရေလုပ်ငန်းနှင့် ပတ်သက်၍ နည်းပညာ ဖွံ့ဖြိုးသော နိုင်ငံအတော် များများတွင် အာဖရက ငါးခူ မွေးမြူသည့် လုပ်ငန်းကို ပိတ်ပင်ထားပြီး မြန်မာနိုင်ငံတွင်လည်း အာဖရိက ငါးခူ မွေးမြူသည့် လုပ်ငန်းကို တားမြစ်ထားသည်။ အာဖရိကငါးခူ မွေးမြူခြင်းဖြင့် တခြားငါးမျိုး စိတ်များ ပျောက်ကွယ်၍ မျိုးသုဉ်းသွားမည့် အပြင် ရေထွက် သယံဇာတများ အတွက်ပါ ထိခိုက်နိုင်၍ အာဖရိက ငါးခူ မွေးမြူခြင်းကို နိုင်ငံအတော် များများတွင် ပိတ်ပင်ထားခြင်း ဖြစ်သည်။

''အာဖရိက ငါးခူက ကြီးထွားနှုန်း မြန်တယ်။ စားသောက်မှုလည်း ကြီးတယ်။ တခြားငါးတွေနဲ့ တွဲမွေးလို့လည်း မရဘူး။ တွဲမွေးရင် တခြားငါးတွေကို စားလိုက်တယ်။ အဲဒီတော့ တခြားငါးမျိုး စိတ်တွေ ပျောက်သွားမယ်''ဟု ရေလုပ်ငန်း ပညာရှင် တစ်ဦးက ပြောကြားခဲ့သည်။

အာဖရိက ငါးခူ မွေးမြူရာတွင် ရွှံ့ကန်ဖြင့် မွေး၍ မရကြောင်း၊ အင်္ဂတေကန်ဖြင့် မွေးမြူမှသာ အဆင်ပြေမည်ဟု ပညာရှင်များ ထံက သိရသည်။

ထက်နေ

http://www.myawady.net.mm/allnews/local/item/28692-2013-10-23-13-28-11

အေးချမ်းမွန် Credit To > မြ၀တီhttps://www.facebook.com/excellencemedia

Post a Comment

 
Top