0

ပြီးခဲ့တဲ့ ရက်ပိုင်း ရန်ကုန်၊ မန္တလေးနဲ့ စစ်ကိုင်း မြို့ကြီးတစ်ချို့မှာ ဗုံးကွဲ၊ ဗုံးတွေ့ ဗုံးလန့်မှုတွေ ဖြစ်ပွားခဲ့ခြင်း၊အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ သြစတြေးလျ နိုင်ငံ သံရုံးတွေကသူတို့နိုင်ငံသားတွေကို မြန်မာနိုင်ငံထဲ သွားတဲအခါ သတိထား
ကြဖို့သတိပေးချက် ထုတ်ပြန်ထားခဲ့ပေမယ့် ခရီးသည် ၀င်ရောက်မှု
လျော့နည်းတာမျိုး မတွေ့ရသေးဘူးလို့ ခရီးသွားလမ်းညွှန်အသင်း အဖွဲ့ဝင် မယဉ်ယဉ်ထွေးကပြောပါတယ်။ ဟော်တယ်မှာ ဗုံးကွဲမှု ဖြစ်ပွားခဲ့လို့ လုံခြုံရေးတင်းကြပ်တာတွေ၊ အခြားအစီအမံတွေ တိုးချဲ့ဆောင်ရွက်နေတဲ့ ရန်ကုန်မြို့ လည်ထရိတ်ဒါး ဟော်တယ်မှာလည်း နဂို ဟော်တယ်အခန်း မှာယူထားသူတွေထဲက အရေအတွက် နည်းနည်းလောက်ပဲ အခန်းမှာယူမှု ပယ်ဖျက်တာ ရှိခဲ့ပြီး ကျန် ခရီးသည်ဝင်ရောက်မှုကို ထိခိုက်တာ မရှိဘူးလို့
ဟော်တယ် ပြောခွင့်ရ ဒေါ်ယင်းမာညိုကဒီဗွီဘီကို ပြောပါတယ်။ အရင်အတိုင်း အခန်းအရည်အတွက် ၈၀ ရာခိုင်နှုန်း
ပုံမှန်လည်ပါတ်နေတယ်လို့ သူက ရှင်းပြပါတယ်။ ရန်ကုန်လေဆိပ်
စာရင်းဇယားတွေအရလည်း ဗုံးကွဲပြီးနောက် ခရီးသည် အ၀င် အရေအတွက် သိသိသာသာလျော့ကျသွားတာ မရှိဘူးလို့ စုံစမ်းသိရပါတယ်။

အေးချမ်းမွန် Credit To >DVB TV Newshttps://www.facebook.com/excellencemedia

Post a Comment

 
Top