0
မကွေးမြို့က ဌာနဆိုင်ရာတွေ မီဒီယာမေးမြန်းချက်ကို ဖြေဆိုခြင်းမရှိ
ငြင်းဆန်တဲ့အပေါ် မီဒီယာသမားတွေက ဆန္ဒဖော်ထုတ်သွားဖို့ရှိတယ်လို့ မကွေးမြို့မှ ဒီဗီဘီသတင်းထောက်က ပြောပါတယ်။ မကွေးတိုင်းရဲတပ်ဖွဲ့က ဦးဆောင်ပြီး အောက်တိုဘာလ ၂၈ ရက်နေ့ကစပြီး ဟိုတယ်နဲ့တည်းခိုခန်းက ၀န်ထမ်းတွေကို တပတ်ကြာ လုံခြုံရေးသင်တန်းတွေ ပေးနေတာနဲ့
ပတ်သက်လို့ ဒေသခံမီဒီယာသမားတွေ သတင်းသွားယူကြရာမှာ သင်တန်း ပို့ချပေးနေတဲ့ မကွေးတိုင်းရဲတပ်ဖွဲ့၊ မကွေးသတင်းတပ်ဖွဲ့(SB)ရဲတပ်ဖွဲ့ မှူး
တွေက မီဒီယာတွေကို ဖြေကြားဖို့ ငြင်းဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။ မကွေးမြို့က ဌာနဆိုင်ရာတွေကို သတင်းသွားယူတဲ့အခါတိုင်း အဆင့်ဆင့်
ငြင်းဆိုနေတဲ့အပေါ် ဒေသခံမီဒီယာတွေက စိတ်ပျက်နေကြပြီး
နိုင်ငံတော်သမ္မတရဲ့ ပြောကြားထားချက်ကို ဆန့်ကျင်နေကြတဲ့အပေါ် မကွေးမြို့ ဌာနဆိုင်ရာတွေကို မီဒီယာသမားတွေက ဆန္ဒထုတ်ဖော်သွားကြမယ်လို့ သတင်းရရှိပါတယ်။

အေးချမ်းမွန် Credit To >DVB TV News https://www.facebook.com/excellencemedia

Post a Comment

 
Top