0


အောင်လက သူ့ရဲ့စီးရီးအသစ် “ပင်လယ်ထဲကမြစ်များ” စီးရီးအခွေကို ပရိသတ်ရှေ့ရောက်အောင် အမြန်ဆုံးကြိုးစားနေပါတယ်။ ပရိသတ်တွေ လက်ခံလာအောင် ကြိုးစား ရုန်းကန်တဲ့အချိန်မှာမမေ့နိုင်တဲ့ အဖြစ်အပျက် တစ်ခုကိုမေးကြည့်တော့” မမေ့နိုင်ဘူး။အမှတ်တရဆိုရင်နေစရာနေရာ မရှိခဲ့တာထမင်းငတ်ခဲ့ တာတွေပဲဖြစ် တယ်။၂ဝဝ၃ ခုနှစ်ကစပြီး ဂီတလောကမှာနေရာတစ်နေရာရဖို့ရုန်းကန်ခဲ့တယ်။

၂ဝ၁ဝမှာအခွေထွက်နိုင်ခဲ့တယ်။အခု နေရာတစ်ခုရလာတော့ကျေနပ်တယ်” လို့ ပြော ပါတယ်။

အောင်မြင်မှုနဲ့ကြုံတဲ့အခါမှာကောကိုယ့်ကိုယ်ကိုယ်ပြန်ပြီးသုံးသပ်တာမျိုးရှိလား မေးကြည့်တော့အောင်လက ” အောင်မြင်ပြီး တော့ ထပ်ပြီးအောင်မြင်အောင် လုပ်ရ တာ ပဲ။ရပ် တန့်လို့မရဘူး။အောင်မြင်မှုလျှို့ဝှက်ချက်မရှိဘူး။ ဂီတကလွဲရင်တခြားစီးပွားရေးတွေဘာမှမလုပ် တတ်ဘူး။အခုကျွန်တော်လုပ်တဲ့ဂီတကိုအကောင်း ဆုံးဖြစ်အောင် ကိုယ့်ဘာသာကိုယ်ကြိုးစားပြီးလုပ်လိုက်တဲ့အချိန်မှာအဆင်ပြေသွားတာပေါ့” လို့ပြောပါတယ်။ အလုပ်တစ်ခုလုပ်ဆောင်တဲ့ အခါမှာအဓိကဘာတွေနှလုံးသွင်းပြီးလုပ်လေ့ ရှိလဲ လို့ဆက်မေးကြည့်တော့”

ရိုးရိုးသားသားနဲ့ကြိုးကြိုးစားစားလုပ် ရင်ဘာမဆိုအောင်မြင် ပါတယ်။ကြိုးစားမှုဆိုတာကိုယ့်အတွက် ဘယ် တော့မှအကျိုးမရှိ တဲ့ကိစ္စ တစ် ခုတော့ ဖြစ်မလာဘူး။အနည်းဆုံးလူတွေမသိလို့မပေါက်ရင်ကိုယ် အရည်အချင်းတက်လာတယ်ဆိုတာ ကိုယ်အသိ ဆုံးပဲ။သီချင်းရေးဖို့ဆိုရင် လည်းရှိသမျှ သီချင်း တွေ နားထောင်ရတယ်။သူများသီချင်းတွေကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေနား ထောင်တယ်။

ဝမ်းစာအဓိကဖြည့်တယ်။ပြီးတော့ စာများများဖတ်တယ်။ဒါလည်းကြိုးစားမှု တစ်ခုပဲ” လို့ အောင်လကပြောပါတယ်။အောင်လက သီချင်း ဆို၊သီချင်းရေးတဲ့အပြင် သရု ပ်ေ ဆာင် ဘက်မှာလည်းတွေ့ရတယ်ဆိုတော့ အောင်လရဲ့ တကယ့် ပရော်ဖက်ရှင်နယ် ဝါသနာအလုပ်က ဘာဖြစ်မလဲလို့ မေးကြည့်တော့ ” သီချင်းဂီတ က ကျွန်တော် ဖီလင် ကျွန်တော့်ဘဝပဲ။

သရုပ် ဆောင်တာကကျွန်တော့်ရဲ့သီးခြားအလုပ်တစ် ခုရယ်ပါပဲ။ သီချင်းဘက်က အား လပ်နေမှ သရုပ်ဆောင်ဘက်လှည့် လုပ်တာပါ။ အခု ကျွန်ေ တ်ာက ဒုတိယဇာတ်ကားမှာ မြင့်မြတ် ရယ်၊ နန်းဆုဦးရယ် ” အချစ်ရဲ့တန်ခိုးများ” ဇာတ်ကားလည်း ရိုက်ပြီးပြီ။ ထုတ် လုပ်ရေးပဲ ကျန်တယ်။ ပြီးတော့ ကျွန်တော့် ဒုတိယ စီးရီး သစ်ဖြစ်တဲ့ ” ပင်လယ်ထဲက မြစ်များ” ကို စီစဉ်နေပါတယ်” လို့ ပြောပါတယ်။

ထူးထူး

အေးချမ်းမွန် Credit To > Popular Journalhttps://www.facebook.com/excellencemedia

Post a Comment

 
Top