တေးသံရှင် ချမ်းချမ်း
++++++++++++++++++
တေးသံရှင် ချမ်းချမ်းရဲ့ စတုတ္ထ မြောက်တစ်ကိုယ်တော်အခွေဖြစ် တဲ့
""သို့....ချစ်နေတုန်းပဲ""တေး စီးရီးမိတ်ဆက်ပွဲကို သင်္ဃန်းကျွန်း
မြို့နယ်မှာရှိတဲ့ SOCCER House Cafe တွင် ဒီဇင်ဘာ ၁ ရက်နံနက်
ပိုင်းကပြုလုပ်ခဲ့ရာ ချမ်းချမ်းကို အခုလိုမေးမြန်းဖြစ်ခဲ့ပါသည်။
မေး-အရင်ဦးဆုံးအနေနဲ့ "သို့....ချစ်နေတုန်းပဲ"ဆိုတဲ့ စတုတ္ထမြောက် တစ်ကိုယ်တော်အခွေလေးနဲ့မိတ် ဆက်ပေးပါဦး။
ဖြေ- အရင်ဆုံးပြောချင်တာက တော့ အခွေလေးရဲ့နာမည်လေး ပေးဖြစ်ပုံလေးကို
အရင်ပြောချင် ပါတယ်။ ဘာကြောင့် "သို့.. ချစ် နေတုန်းပဲ"ဆိုပြီးနာမည်ပေးဖြစ်
တာလဲဆိုတော့ ပရိသတ်ကိုအ ရောက်ပို့ချင်တဲ့သတင်းလေးတွေ ကိုစာလွှာမှာပါး
လိုက်တဲ့သဘော မျိုးလေးဖြစ်အောင်ပေးထားတယ်။ ချစ်နေတုန်းပဲဆိုတာကတော့ အဲ ဒီသီချင်းလေးလည်းပါပါတယ်။
အဲဒါကိုလည်း အားထားတယ်။အချစ်သီချင်းလေးလည်းဖြစ်ပါ တယ်။
သီချင်းအမျိုးအစားတော် တော်စုံအောင်ထည့်ထားပါတယ်။ အဓိကတော့ ပရိသတ်ကို
ချပြချင် တဲ့ကိုယ်လုပ်နိုင်တဲ့သီချင်းအမျိုး အစားတွေကို ထည့်ထားတယ်။
မေး-အခက်အခဲတွေကြားမှာ လုပ်ထားတဲ့အခွေဆိုတော့ အမှတ် တရတွေရောရှိလား။
ဖြေ- အဓိကကတော့ မိသားစုပါ မိသားစုကိုအချိန်ပေးလိုက် အခွေ လုပ်လိုက်
အစ်မလည်းစိတ်ရော လူရောပင်ပန်းခဲ့ပါတယ်။ အစ်မ ပရိသတ်နဲ့မထိတွေ့တာလည်း နှစ်
နှစ်လောက်ရှိပြီ။ နောက် အစ်မရဲ့ အနုပညာ သက်တမ်း ၁၀ နှစ်ရှိ တဲ့အချိန်မှာ
အစ်မရဲ့လေးခွေမြောက် အခွေကိုထွက်နိုင်ခဲ့အောင် ကြိုး စားပါတယ်။
မေး- မိသားစုအကြောင်းနဲ့ပတ် သက်ပြီးတော့လည်းပြောပြပေးပါ ဦး။
ဖြေ-မိသားစုအကြောင်းကတော့ တော်တော်များများလည်း သိပြီး ကြပါပြီ။
အစ်မစိတ်လျှော့လိုက် ပါတယ်။ အစ်မကိုနှစ်သိမ့်ပေးနိုင် တာက
လူတွေမဟုတ်တော့ပါဘူး။ ဘုရားသခင်ပါ။ ထွက်ပေါက်တစ် ခုကို
ဘုရားတရားနဲ့ပဲရှာပါတယ်။ အစ်မနောက်တစ်ခု သူများမိသား
စုတွေကိုအကြံÓဏ်ပေးချင်တာ ကတော့ မိသားစုတစ်ခုကိုတည် ထောင်ရင်
ကိုယ်ခံစားနေရတာကို သူစိမ်းတစ်ယောက်ကိုသွားပြော လိုက်ရင် မိသားစုထဲကသူတွေက
ပိုပြီးတော့ ခံစားရပါတယ်။ အဲဒါ ကြောင့် တစ်ယောက်နဲ့တစ်ယောက်
ချစ်ချစ်ခင်ခင်ကြင်နာပြီးတော့ ဖေးမကူညီသင့်တယ်လို့ ထင်ပါ တယ်။
မေး- အခုဖြစ်တာတွေနဲ့ပတ်သက် ပြီး သမီးလေးရဲ့အခြေအနေကရော။
ဖြေ- သမီးလေးကအခုအချိန်မှာ သူ့အတွက် အဖေရော၊ အမေရော
လိုအပ်တဲ့အချိန်လည်းဖြစ်တယ်။ အစ်မတို့နှစ်ယောက်စလုံးသမီးအ
တွက်ပေးနိုင်တဲ့ကတိကတော့ သူ ရော အစ်မပါ သမီးအတွက်အ
ကောင်းဆုံးကြိုးစားနေတယ်။ သူ လည်း ဖခင်ကောင်းတစ်ယောက် ဖြစ်ပါတယ်။
ဘယ်လိုအခြေအနေ မျိုးမှာပဲဖြစ်ဖြစ် အစ်မအပြစ်လည်း မတင်ပါဘူး။ ဒါပေမဲ့
အစ်မကိုခိုင် မာတဲ့ကတိမပေးနိုင်သမျှကတော့ အစ်မသမီးလေးနဲ့ပဲ နှစ်ပါးသွား
နေရမှာပါ။ ခွင့်လွှတ်တာ၊ မလွှတ် တာထက် သူ့စိတ်ကပဲအရေးကြီး တာပါ။
မေး- တကယ်လို့ ကိုဘုဏ်းသိုက် ပြန်လာမယ်ဆိုရင်ရောကြိုဆိုမှာ လား။
ဖြေ- ပုံမှန်အတိုင်းပါပဲ။ အစ်မ တို့မိသားစုလွန်ခဲ့တဲ့သုံးနှစ်ကအ
တိုင်းအရမ်းပျော်ခဲ့တယ်။ ဒီတစ် နှစ်အတွင်းမှာတော့ အစ်မအရမ်း
စိတ်တွေညစ်ခဲ့ရတယ်။ အစ်မညှိပါ သေးတယ်။ ဘယ်လောက်ပဲညှိညှိ
တစ်ယောက်နဲ့တစ်ယောက်က ပွင့် လင်းမှုရိုးသားမှုမရှိခဲ့ရင် အလ ကားပါပဲ။
သူခံစားနေရတာတွေ ကို အခုမှအစ်မသိရတယ်ဆိုက တည်းက အစ်မက စိတ်မကောင်း
ဖြစ်ဖို့တော့ကောင်းတယ်။ လေး နှစ်တောင်ပေါင်းလာတဲ့သူတစ် ယောက်ရဲ့
ခံစားချက်အစစ်အမှန် ကို အခုမှသိရတယ်။ သူလိုအပ်နေ တဲ့အချက်ကဒါပဲလား။
ဒါပဲဆိုရင် လည်းအစ်မဘက်ကပြုပြင်ဖို့ မခဲ ယဉ်းပါဘူး။ သူ့ဘက်ကကျတော့
အစ်မမလိုချင်တာကိုမှ သူက ကျူးလွန်ခဲ့တာဆိုတော့ ခွင့်လွှတ် ဖို့ကတော့
အချိန်ယူရမှာဖြစ်ပါ တယ်။ အဲဒီလောက်လွယ်လွယ်ခွင့် လွှတ်ပြီး ပြန်လည်တည်ဆောက်
ဖို့ဆိုတာမလွယ်ပါဘူး။ ဒါက သိက္ခာ တွေမာနတွေနဲ့လည်းမဆိုင်ပါဘူး။
လေးနှစ်တာရင်နှီးပေါင်းသင်းခဲ့တဲ့ သူတစ်ယောက်ဆီကနေ ကတိသစ္စာ တစ်ခုကို
လိုချင်ပါတယ်။
မေး-သမီးလေးကိုရော စိတ်ဒဏ် ရာမရအောင် ဘယ်လိုလုပ်မလဲ။
ဖြေ-အခုတော့ အစ်မသမီးလေး လည်းပျော်နေပါတယ်။ အစ်မ သမီးကို
အကောင်းဆုံးအချိန်ပေး ထားပါတယ်။ ပြီးတော့သူ့အဖေကို လည်းတွေ့တဲ့အချိန်တန်ရင်
တွေ့ ရမှာပါ။ သမီးကိုတော့အစ်မတို့ရဲ့ စိတ်ဒဏ်ရာမပေးပါဘူး။ ရနေတဲ့
စိတ်ဒဏ်ရာကိုလည်း ကောင်းအောင် လုပ်ပေးမှာပါ။ အစ်မရော၊ သူ့အ ဖေရော
ပေးနိုင်တဲ့ကတိကတော့ နှစ်ယောက်စလုံး သမီးအတွက် ကြိုးစားနေတယ်။ ဘယ်အခြေအ
နေမှာပဲဖြစ်ဖြစ် သူ့အဖေကအဖေ ပါပဲ။ ဘယ်လိုမှ ပြောင်းလဲမှုရှိမှာ မဟုတ်ပါဘူး။
မေး- သမီးကရော လက်ရှိဖြစ်နေ တာကိုရောသိလား။ ငယ်လည်းငယ် သေးတော့။
ဖြေ- သမီးလည်းသိသင့်သလောက် တော့သိပါတယ်။ သူရဲ့ခံစားချက် ကပြောရရင်
လူကြီးနဲ့တူပါတယ်။ အစ်မကအရင်ကတည်းကအလုပ် အကြောင်းတွေနဲ့ခရီးတွေထွက်
နေရတာဆိုတော့ အဘိုးတွေ အဘွား တွေနဲ့ပဲကြီးခဲ့ရတာဆိုတော့ သူက လူကြီးဆန်တယ်။
သူကတောင်ပြန် ပြီး မေမေနဲ့ဖေဖေ ရန်မဖြစ်နဲ့ဆို ပြီးပြောတယ်။ ဖေဖေက ဘယ်
တော့ပြန်လာမှာလဲ။
အဲဒီလို သူခံ စားချက်ကို အစ်မတို့ကရိပ်မိလာ တော့
လွယ်လွယ်ကူကူကြီးနှစ် ယောက်စလုံးက ညှိဖို့ဆုံးဖြတ်ကြ တယ်။ ဘယ်လိုမှ
မဖြစ်နိုင်တော့ ဘူး။ ရိုးသားမှု၊ သစ္စာရှိမှုတွေရှိလာ တဲ့တစ်နေ့ကတော့
သမီးအတွက် ပျော်စရာကောင်းတဲ့နေ့တစ်နေ့ ဖြစ်လာမှာပါ။ အစ်မကလည်း
မာနကြီးနဲ့တင်းခံနေတာတော့မဟုတ် ပါဘူး။ ဇနီးတစ်ယောက်အနေနဲ့
ဒီအကြောင်းတွေကိုလွယ်လွယ်နဲ့ ခွင့်လွှတ်နိုင်ရင် အစ်မတရားဥပ ဒေအရ
လုပ်နေမှာမဟုတ်ပါဘူး။ဥပဒေဆိုတာလည်းရှိလာမှာ မ ဟုတ်ပါဘူး။ အမှန်တရားဆိုတာ
ဘယ်တော့မှ ဖုံးကွယ်လို့မရပါ ဘူး။ အမှန်တရားကိုအမှန်တရား အတိုင်း
သူမြင်လာတဲ့တစ်နေ့ကျ ရင်တော့ သူပြန်လာပြီး အစ်မတို့ မိသားစုက
အရင်လိုပြန်လည်ပျော် စရာကောင်းလာမှာပါ။
မေး-သမီးကရော အခုကျောင်း တက်နေပြီလား။
ဖြေ-အခုကတော့ မူကြိုမှာဏမန ၁ ကိုတက်နေပြီဆိုတော့ သူတအား ကိုပျော်နေပါတယ်။
မေး-နှစ်ဖက်မိဘတွေကရော ဘာ တွေပြောကြလဲ။
ဖြေ- အစ်မမိဘတွေရော၊ သူရဲ့ မိဘတွေရောကပါ အစ်မတို့အပေါ် ကိုကောင်းပါတယ်။
အစ်မတွေ့ ကြုံခဲ့ရတဲ့လေးနှစ်တာကာလမှာ နှစ် ဖက်မိဘတွေရော သူရောကောင်း ပါတယ်။
အစ်မပျော်ခဲ့ရတယ်။ ရှေ့ဆက်သွားခြင်း၊ မသွားခြင်း ထက် တစ်ယောက်နဲ့တစ်ယောက်
နားလည်မှုယူရမှာပါ။
မေး-တစ်ဖက်က မိန်းကလေးကို ရော အစ်မဘယ်လိုပြောချင်လဲ။
ဖြေ-အစ်မကတော့ ဘာမှ မပြော ချင်တော့ပါဘူး။ ပြုသူအသစ် ဖြစ် သူအဟောင်းပါပဲ။
လူတစ်ယောက် ပြဿနာဖြစ်လာပြီဆိုရင် အစ်မ ဘာလို့ရှင်းရဲလဲ။ အစ်မကခံရတဲ့
သူဆိုတော့ လုပ်တဲ့သူကဝန်ခံသည် ဖြစ်စေ၊ ဝန်မခံသည်ဖြစ်စေ လုပ်
တဲ့သူနဲ့ဘုရားနဲ့သိပါတယ်။ အိမ် ထောင်တစ်ခုက ဘယ်လိုတည် တွေဆောက်ခဲ့ရသလဲဆိုတာ
အိမ် ထောင်တစ်ခုကိုတည်ဆောက်ဖူး တဲ့သူတိုင်းသိပါတယ်။ ဘယ်အရာ မှလည်း
ပျော်ရွှင်တာတွေမရှိနိုင်ပါ ဘူး။ အမှားတွေမှာလည်း ညှိယူ လို့တဲ့အမှားရှိသလို
ညှိလို့မရတဲ့ အမှားတွေလည်းရှိပါတယ်။
အစ်မ သူတို့နှစ်ယောက်စလုံးကို
ဘယ်လို စိတ်မှမထားပါဘူး။ အစ်မအခု ချိန်မှာ
ဘုရားတရားနဲ့နေပါတယ်။အစ်မသမီးလည်း အစ်မကိုချစ် တယ်။ အစ်မပိုတောင်လွတ်လပ်ပါ
သေးတယ်။ အဲဒါကြောင့် အစ်မ သူတို့နှစ်ယောက်စလုံးကိုကျေးဇူး တင်ပါတယ်။
အစ်မဘယ်သူ့ကို မှထိခိုက်ပြီးမပြောပါဘူး။ နာမည် လည်း ဘယ်သူဆိုတာမပြောပါ ဘူး။
အစ်မအသိဆုံးပါ။ အစ်မ ကြောင့် သူတစ်ပါးထမင်းအိုးကွဲ တာလည်းမလိုချင်ပါဘူး။
ဒါပေ မဲ့ အမှန်တရားဆိုတာတော့ သိဖို့ လိုပါတယ်။ သူများမိသားစုကို
ဖျက်ဆီးခြင်းက မကောင်းဘူး။ ပြန်ခံရတတ်တယ်။ ဝဋ်လည်တယ်
ဆိုတာလည်းရှိတယ်ဆိုတာလည်း သိစေချင်ပါတယ်။ အစ်မတို့နှစ် ယောက်
ဘာသာမတူဘဲပေါင်း တယ်ဆိုတာလည်း ပြဿနာအ ရမ်းမကြီးပါဘူး။
နားလည်မှုပါ။သူတို့လည်း ပျော်ပျော်ရွှင်ရွှင်နေ နိုင်ပါစေလို့ ဆုတောင်းပါတယ်။
မေး- Facebook မှာတင်တဲ့ စာ ကရော အစ်မရေးတာလား။
ဖြေ- ဟုတ်ပါတယ်။ အစ်မရေး တာပါ။ ဒါပေမဲ့သတင်းမီဒီယာတစ် ခုကတင်လိုက်တယ်။
အစ်မအဲဒီ လိုတင်မှာစိုးလို့ ချက်ချင်းပြန်ဖျက် လိုက်တာပါ။ ဒါပေမဲ့ အစ်မဘက် က
ရပ်တည်ပေးလိုက်သလိုဖြစ် သွားတယ်။ အဲဒီမီဒီယာက ဖော် ပြလိုက်တော့
တော်တော်များများ လည်းသိသွားတယ်။ အစ်မအရင် စဉ်းစားတာက ဘယ်သူ့ကိုမှမထိ
ခိုက်စေချင်တဲ့အတွက်ကြောင့် နားလည်မှုယူပြီး လမ်းခွဲလိုက်မယ် လို့စဉ်းစားတာ။
အဲဒီလိုမီဒီယာ တစ်ခုကဖော်ပြလိုက်တော့ သူလည်း
တော်တော်ကိုလန့်သွားမယ်။ အစ်မ အမျိုးသားလည်း တော်တော်ခံစား သွားရမယ်။
ဘာကြောင့်လဲဆိုတော့ သူလည်းထင်မထားဘူး။ ဘာ ကြောင့်မထင်တာလည်းဆိုတော့ အစ်မက
အမြဲခွင့်လွှတ်နေတဲ့လူ မျိုးလည်းဖြစ်တယ်။ အစ်မသူ့ကို
အမြဲတမ်းဆိုးနေတယ်လို့ပြော တာလည်းမဟုတ်ပါဘူး။ အစ်မ မ ကြိုက်ဆုံးအချက်ကို
သူလုပ်တာ ပါ။ အစ်မဖောက်ပြန်ရင် သူဘယ် လိုခံစားရမယ်ဆိုတာကို ပြောချင် တာပါ။
KZYH
#Democracytoday