ဂျပန်ဘုရင် အာကီဟီတို ဟာ လာမယ့် ၂၀၁၉ ခုနှစ် ဧပြီ ၃၀ ရက်နေ့မှာ ထီးနန်းစွန့်မယ်လို့ ၀န်ကြီးချုပ် ရှင်ဇိုအဘေးက ဒီနေ့ ထုတ်ပြန်ကြေညာပါတယ်။
ယင်းအတွက်ကြောင့် ဘုရင် အာကီဟီတို အနေဖြင့် ရာစုနှစ် နှစ်စုကျော်အတွင်း ထီးနန်းစွန့်သည့် ပထမဆုံးသော ဂျပန်ဘုရင်လည်း ဖြစ်လာတော့မည်ဖြစ်သည်။
အသက်၈၃ နှစ်ရှိပြီဖြစ်တဲ့ ဘုရင် အာကီဟီတိုက သူ့ရဲ့ကျန်းမာရေးအခြေအနေကြောင့် အကြီးဆုံးသားတော်ကို ထီးနန်းလွှဲပြောင်းပေးပြီး အနားယူတော့မယ်လို့ မကြာခင်လပိုင်းက ကြေညာခဲ့ပါတယ်။ ဒါကြောင့် ဂျပန်သမိုင်းမှာ နှစ်ပေါင်း နှစ်ရာအတွင်း ပထမဆုံးထီးနန်းစွန့်တဲ့ ဘုရင်ဖြစ်သွားတော့မှာပါ။
အသက် ၅၇ နှစ်အရွယ် အကြီးဆုံး သားတော် အိမ်ရှေ့စံ မင်းသား နာရူဟီတို ဟာ ၂၀၁၉ ခုနှစ် မေလ ၁ ရက်နေ့မှာ နန်းတက်ဖွယ်ရှိတယ်လို့ သိရပါတယ်။

Post a Comment
Post a Comment