0




လိပ်ကျွန်းအမှုမှ မြန်မာနိုင်ငံသားနှစ်ဦး လွတ်မြောက်ရေးနှင့် တရားမျှတမှုအတွက် တောင်ကိုရီးယားနိုင်ငံရောက် မြန်မာများက ဆိုးလ်မြို့၊ ထိုင်းသံရုံးရှေ့တွင် ယနေ့ နံနက်က ဆန္ဒထုတ်ဖော်နေကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံသား အင်အား ၅၀၀ ကျော် ပူးပေါင်းခဲ့ခြင်းဖြစ်ပြီး ဆိုးလ်မြို့၊ ထိုင်းသံရုံးရှေ့လမ်း တစ်လမ်းလုံးနီးပါး မြန်မာများဖြင့် ပြည့်နှက်သွားကာ စည်းကမ်းတကျဆန္ဒထုတ်ဖော်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားအချို့ထံမှ သတင်းရရှိသည်။
"ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ မတရားသေဒဏ်ပေးခဲ့ရတဲ့အပေါ် ထိုင်းတရားရုံးရဲ့ တရားရေးစနစ် မမှန်ကန်တာနဲ့ ပတ်သက်ပြီး ကိုရီးယားလိုနဲ့ အင်္ဂလိပ်ရိုက်ပြီးစာရွက်တွေဝေပေးပါတယ်" ဟု တောင်ကိုးရီးယားနိုင်ငံရောက် ဦးဝင်းလှိုင်က ပြောသည်။
လိပ်ကျွန်းအမှုတရားမျှတမှုမရှိခြင်းအတွက် မြန်မာနိုင်ငံသားများ ဆန္ဒထုတ်ဖော်နေမှုကို တောင်ကိုရီးယား နိုင်ငံသားများကလည်း စိတ်ဝင်တစား လာရောက်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။
ဓာတ်ပုံ- ၀င်းလှိုင်

7Day News Journal
 

Post a Comment

Post a Comment

 
Top