0




အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် အနေနှင့် မြန်မာလူငယ်နှစ်ဦီး လွတ်မြောက်ရေးကူညီပေးရန် ဆန္ဒပြသူများကယနေ့ ညနေ ၄နာရီတွင် တက္ကသိုလ်ရိပ်သာလမ်းနေအိမ်သို့ သွားရောက်တောင်းဆိုခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည်အနေနှင့် နေအိမ်ရှေ့လာရောက်သူများကို ထွက်တွေ့ကာ စကားပြောကြားပေး ရန်ဆန္ဒပြသူများကတောင်းဆိုခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဦးဝင်းထိန်က လက်ခံတွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အနေနှင့် မြန်မာလူငယ်နှစ်ဦးအရေးနှင့်ပတ်သက်၍ ဥပဒေကြောင်းအရ လုပ်သင့်လုပ်ထိုက်သည် များကိုလုပ်ဆောင်ပေးသွားမည်ဟုပြောကြားကြောင်း တစ်ဆင့်ပြန်လည်ပြောကြားပေးခဲ့သည်။
ဆန္ဒပြသူများသည် ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်ရှေ့တွင် မိနစ် ၂၀ကျော်ကြာလာရောက်ခဲ့ပြီး ပြန်လည်ထွက်ခွာသွားပြီဖြစ်သည်။
ဆန္ဒပြသူများသည် ယနေ့(ဒီဇင်ဘာ ၂၇ရက်)နံနက်အစောပိုင်းက ထိုင်းသံရုံးရှေ့သို့ သွားရောက်ဆန္ဒထုတ်ဖော်ခဲ့ပြီးလမ်းလျှောက် ကာ ရွှေတိဂုံစေတီတော်ပေါ်သို့ တက်ရောက် ဆုတောင်းခဲ့သည်။ ထို့မှတဆင့် တက္ကသိုလ်ရိပ်သာလမ်း ရှိ ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ လမ်းလျှောက်ချီတက်လာခြင်းဖြစ်သည်။
ဓာတ်ပုံ- ကျော်ဇင်သန်း

7Day News Journal 

Post a Comment

Post a Comment

 
Top