ကမ္ဘောဒီးယားတွင် တစ္ဆေပွဲတော်ကျင်းပ
ဖနွမ်းပင်၊ စက်တင်ဘာ ၂၉
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင် မြို့တော်မြို့လယ်ရှိ ဝတ်လောင်ခါဘု ရား၌ လူရာပေါင်းများစွာစုဝေးခဲ့ကြ ပြီး သေဆုံးသူများကို ဂုဏ်ပြုသည့် Pchum Ben နှစ်ပတ်လည်ပွဲတော် ဆင်နွှဲခဲ့ကြသည်။ ၁၅ ရက်ကြာကျင်း ပမည်ဟုဆိုသည်။
အရုဏ်မတက်မီအချိန်တွင် မိသားစုများစုဝေးရောက်ရှိလာခဲ့ကြ ကာ စားစရာ၊ သောက်စရာများယူ ဆောင်လာကာ ဘုန်းတော်ကြီးများ ကို ကပ်လှူခဲ့ကြသည်။ နှစ်ပေါင်း ၆ဝဝ ရှိ ရှေးဟောင်းဘုရား၌ ဆု တောင်းပွဲပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
ဘုရားအဆောက်အအုံအတွင်း ပိုင်း၌ ငါးအကောင်လိုက်၊ အသီး အရွက်၊ ပလာတာများနှင့် ထမင်း များပြင်ဆင်ကာ ဘုန်းတော်ကြီးများြ<ွကလာမည်ကို စောင့်စားနေကြသည် ဟု ဆိုသည်။
ကမ္ဘောဒီးယားလူမျိုးများက ဘုန်းတော်ကြီးများအား ဆွမ်းများ လှူဒါန်းခြင်းဖြင့် ကွယ်လွန်သူများကို ရရှိစေကြောင်း ဘုရား၏ ဒုတိယနာ ယကဆရာတော် ဖနမ်ချန္ဒရာကပြော ခဲ့သည်။
ဘုန်းတော်ကြီးများအား ဆွမ်း ကပ်ပြီးနောက် ဝိညာဉ်များကို ရည် စူးပူဇော်ပသကြသည်ဟု ဆရာတော် ကဆိုသည်။
ဗုဒ္ဓဘာသာမှာ ကမ္ဘောဒီးယား ၏ နိုင်ငံတော်ဘာသာဖြစ်သော်လည်း ကမ္ဘောဒီးယားတို့က ဘိုးဘွားဘီဘင် ကန်တော့မှုကို ဆက်လက်လုပ် ဆောင်ခဲ့ကြသည်။ တချို့ဒေသများ တွင် တိရစ္ဆာန်များကိုလည်း ကိုးကွယ် ကြကြောင်းသိရသည်။
dpa
***********************************************************
သေဆုံးသူများကိုဂုဏ်ပြုသည့် Pchum Ben နှစ်ပတ်လည်ပွဲတော်ကျင်းပနေစဉ်။ ဓာတ်ပုံ-အင်တာနက်
Yangon Media Group

Post a Comment
Post a Comment