အောက်ပိုင်း အဝတ်ဗလာဖြင့် အသက်နှစ်ဆယ်ကျော် အမျိုးသမီးအလောင်း ကားလမ်းနံဘေး၌ လာရောက်စွန့်ပစ်ထား
စစ်ကိုင်း-မန္တလေးကားလမ်း နံဘေးရှိ တံတားဖြူကမ်းစပ်အနီး၌ လာရောက်စွန့်ပစ်ထားသည့် အောက်ပိုင်း အဝတ်ဗလာဖြင့် အ သက်နှစ်ဆယ်ကျော် အမျိုးသမီး ရုပ်အလောင်းတစ်ခုကို မန္တလေး တိုင်း အမရပူရရဲတပ်ဖွဲ့က စက် တင်ဘာ ၂၈ ရက်နေ့ ညနေပိုင်း
က တွေ့ရှိခဲ့သည်။
အမျိုးသားဝတ်အင်္ကျီဝတ် ဆင်ပေးထားသည့် ယင်းရုပ်အ လောင်းတွင် ကြိုးတုပ်ခံထားရသည့် ဒဏ်ရာဒဏ်ချက်များနှင့် အတူ ပေါင်နှ စ်ဖက်နှင့် တင်ပါးတို့တွင် အညိုအမည်း ဒဏ်ရာများနှင့် တွေ့ရှိရခြင်းဖြစ်သည်ဟု မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိုင်း တပ်ဖွဲ့မှူး က ပြောသည်။
”ရုပ်အလောင်းပိုင်ရှင်ဘယ်သူလဲဆိုတာ ခုထက်ထိ မပေါ်သေး ဘူး”ဟု၎င်းကစက်တင်ဘာ ၂၉ ရက်နေ့ ညနေ ၆ နာရီအချိန်က ပြောသည်။
ယခုရုပ်အလောင်းသည် လူ ရည်သန့်အသိုင်းအဝိုင်းထဲမှ ဖြစ် နိုင်ပြီး အသတ်ခံရခြင်းအကြောင်း အရင်းနှင့်အတူ အဓမ္မပြုကျင့်ခံ ထားရခြင်းရှိ၊ မရှိကိုပါ စုံစမ်းစစ် ဆေးနေသည်ဟု သက်ဆိုင်ရာနယ် မြေခံရဲတပ်ဖွဲ့မှ သိရသည်။ ယခု အမှုအပေါ် လူသတ်မှုဖြင့် ကနဦး အမှုဖွင့်ထားကြောင်း တိုင်းဒေသကြီး ဒုတိယတပ်ဖွဲ့မှူးက ပြောသည်။
ယခုကဲ့သို့ ဖြစ်စဉ်မျိုးသည် မန္တလေးတိုင်းဒေသကြီး အမရပူရ နယ်မြေအတွင်း ပထမဦးဆုံးဖြစ် ပွားခြင်းဖြစ်ကြောင်းအဆိုပါ နယ် မြေရဲ စခန်းက ပြောသည်။
အထက်ပါ အမှုမတိုင်မီ ဖြူး မြို့နယ်တွင်ဖြစ်ပွားခဲ့သည့် အမှု သည် အချိန်တစ်နှစ်ကျော် ကြာပြီး မှတရားခံ ဖမ်းဆီးရမိခဲ့သော်လည်း
ဒုတိယမြောက်ဖြစ်ခဲ့သည့် နေ ပြည်တော်မကွေး(ကံပြား)အဝေး ပြေးလမ်းမဘေးမှ မီးလောင်ဒဏ် ရာများဖြင့်သေဆုံးနေသည့် အမှု မှာမူ တရားခံမဆိုထားနှင့် ရုပ်အ လောင်း မည်သူမည်ဝါဆိုသည်ကို ပင် ရဲတပ်ဖွဲ့မှ ယခုချိန်ထိ မဖော် ထုတ်နိုင်သေးပေ။
P-News
Popular News Journal
Post a Comment
Post a Comment