0

ခေါင်းကို သံချွန်စိုက်ဝင်ခဲ့တဲ့ ဖားကန့်က ရေမဆေးသမားရဲ့ ဒဏ်ရာတွေ သက်သာပြီး ကျန်းမာရေး ကောင်းနေပြီလို့ ကူညီပေးနေသူက ပြောပါတယ်။
နိုဝင်ဘာ ၂၅ ရက်နေ့က ဖားကန့်မြို့နယ်၊ လုံးခင်းရွာမှာ ရေမဆေးကျောက်ရှာရင်း ကိုမြတ်မင်းရဲ့ လည်ပင်းကနေ ခေါင်းထဲကို သံချွန်ဖောက်ဝင်သွားခဲ့တာပါ။
“ဖြစ်တာက မတော်တဆ ဖြစ်တာပါ။ မြစ်ကြီးနားဆေးရုံကို ပို့ပေးလိုက်တယ်။ ၂၆ ရက်နေ့မှာ သံချွန်ကိုနုတ်ပြီး ဒဏ်ရာတွေကို ချုပ်ပေးတယ်။ အခုတော့ ဒဏ်ရာတွေလည်း ကျက်နေပြီ။ မျက်လုံးအာရုံကြော နည်းနည်းထိသွားတယ်ပြောတယ်။ အဲဒါက အချိန်ယူရမယ်” လို့ ကူညီပေးနေတဲ့ ကွန်းဖောင်ဒေးရှင်းအလှူရှင် ကိုကွန်းက ပြောပါတယ်။
လတ်တလောဆေးကုဖို့အတွက် ကွန်းဖောင်ဒေးရှင်းက ကူညီခဲ့ပြီး ဖေ့စ်ဘွတ်ခ်က လှူဒါန်းလာတဲ့ ကျပ် ၃၁ သိန်းကိုလည်း ဒီနေ့ပဲ သွားပေးခဲ့တယ်လို့ သူက ဆိုပါတယ်။
ဓာတ်ပုံ – ကွန်းဖောင်ဒေးရှင်း
===========
DVB TV News

Post a Comment

Post a Comment

 
Top