0

အိန္ဒိယနိုင်ငံ ဒေလီမြို့တော်က ဆေးရုံတစ်ရုံမှာ ဆရာဝန်တွေက သေဆုံးကြောင်း ကြေညာထားတဲ့ မွေးကင်းစကလေးငယ်တစ်ဦးဟာ သဂြိုလ်ခါနီးအချိန်မှာ အသက်ရှင်လျက်ရှိနေတာကို တွေ့ရှိခဲ့ရတယ်လို့ BBC သတင်းမှာဖော်ပြထားပါတယ်။ အသက်(၂၀)အရွယ် အမျိုးသမီးတစ်ဦးဟာ မက်စ်အမည်ရှိ ပုဂ္ဂလိဆေးရုံမှာ ကလေးမွေးဖွားခဲ့တာဖြစ်ပြီး မွေးဖွားလာတဲ့ အမွှာ(၂)ဦးထဲမှာ (၁)ဦးသာ အသက်ရှင်ကြောင်း ဆရာဝန်တွေက ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ နောက်ထပ် ကလေးတစ်ဦးလည်း သေဆုံးခဲ့ကြာင်း အတည်ပြုခဲ့ပါတယ်။ အဲ့ဒီနောက် ကလေးငယ်(၂)ဦးရဲ့ အလောင်းကို ပလတ်စတစ်အိတ်နဲ့ အသီးသီးထည့်ပြီး မိသားစုဆီ ပေးခဲ့တယ်လို့ဆိုပါတယ်။ သဂြိုလ်ခါနီးအချိန်မှာတော့ ကလေးငယ်ရဲ့ မိဘတွေက ကလေးငယ်တစ်ယောက်ကို ထည့်ထားတဲ့ ပလတ်စတစ်အိတ်ဟာ လှုပ်နေကြောင်း သတိပြုမိခဲ့တာကြောင့် နီးစပ်ရာ ဆေးရုံဆီ ပို့ဆောင်ပြီး စစ်ဆေးကြည့်ရာမှာ အသက်ရှင်နေသေးတာကို သိရှိခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကြောင့် အိန္ဒိယနိုင်ငံတစ်ဝှမ်းမှာ ဂယက်ရိုက်သွားခဲ့ပြီး ကုန်ကျစရိတ်များပြားလွန်းလှတဲ့ ပုဂ္ဂလိကဆေးရုံတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အပေါ် ဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။ ဒေလီဝန်ကြီးချုပ်ကလည်း ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။ ပြည်နယ်ကျန်းမာရေးဝန်ကြီးဌာနကလည်း ဒါဟာ တုန်လှုပ်စရာ ကောင်းတဲ့ ပေါ့ဆတဲ့ ရာဇ၀တ်မှုတစ်ခု ဖြစ်တယ်လို့ သုံးသပ်ပြောကြားခဲ့ပါတယ်
5 PLUS NEWS

Post a Comment

Post a Comment

 
Top