အစိုးရသစ် လက်ထက်တွင် ပြည်တွင်း အမေရိကန်ဒေါ်လာငွေ လဲလှယ်သည့် ဈေးနှုန်းမှာ
ပြင်ပပေါက်ဈေးတွင် ၁၃၇၈ အထိ စံချိန်တင် ဆက်လက် မြင့်တက်လျက်ရှိနေသည်။
လတ်တလောတွင် အမေရိကန်ဒေါ်လာ ပြင်ပပေါက်ဈေးမှာ အ၀ယ် ၁၃၇၇၊ အရောင်း ၁၃၇၈ ထိ
ပေါက်ဈေး ရှိနေသည်။ ကမ္ဘာ့ရွှေဈေးမှာ ၁၁၅၈ ဖြစ်ကာ မြန်မာ့ရွှေဈေးမှာ ၈၅၅၀၀၀
ကျပ် ဖြစ်ကြောင်း ဈေးကွက် အတွင်းမှ သိရသည်။ ပုဂ္ဂလိက ဘဏ်နှင့် Exchange
Counter များ ၏ အမေရိကန်ဒေါ်လာ ပေါက်ဈေးမှာ အ၀ယ် ၁၃၂၉ ၊ အရောင်း ၁၃၃၁
ဖြစ်ကြောင်း ဒီဇင်ဘာ ၁၂ ရက် ပေါက်ဈေးများအရ သိရသည်။
ဒေါ်လာဈေး စံချိန်တင် မြင့်တက်လာမှုကြောင့် ပုဂ္ဂလိက ဘဏ်များနှင့် စီးပွားရေးလုပ်ငန်း ရှင်များကို ဗဟိုဘဏ်က ပြီးခဲ့သည့် ဒီဇင်ဘာ ၅ ရက်တွင် အမှာစာ လေးစောင် ထုတ်ပြန်ခဲ့သော်လည်း ဒေါ်လာဈေးမှာ ဆက်လက်မြင့် တက်နေဆဲ ဖြစ်သည်။ ဗဟိုဘဏ်၏ ထုတ်ပြန်စာ တွင် ပြည်ပသို့ ကုန်ပစ္စည်း များ တင်ပို့ပြီး ခြောက်လအတွင်း ပို့ကုန်ရငွေ စာရွက်စာတမ်းများကို ဗဟို ဘဏ် သို့ တင်ပြပေးရန်၊ ကုန်သွယ်ရေး လုပ်ငန်းများမှ ရရှိသည့် နိုင်ငံခြားငွေ များကို ဥပဒေနှင့်အညီ ပြည်တွင်းသို့ ပြန်လည်ပို့ဆောင်ပေးရန်၊ ပြည်ပနိုင်ငံ များတွင် ငွေစာရင်း ဖွင့်လှစ်ထားမှုများကို ဥပဒေနှင့်အညီ ပြောင်းလဲပြုလုပ် ရန်၊ ပြည်ပနိုင်ငံများတွင် ရင်းနှီးမြှုပ်နှံပြီး ကုမ္ပဏီများ ဖွင့်လှစ်ထားသူများ သည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေများနှင့်အညီ ပြုလုပ်ရန် စသည့်ခေါင်း စဉ်များဖြင့် အမှာစာ လေးစောင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ဇော်မင်းထွန်း
The Ladies News

Post a Comment
Post a Comment