0


သတ်ဖြတ်ဖို့ တားမြစ်ထားတဲ့ ပင်လယ်လိပ်ကြီးရဲ့အသားကို ရွာသားတွေက ခုတ်ထစ်ရောင်းချတဲ့ ရုပ်သံ လူမှုကွန်ရက်မှာ ပျံ့နှံ့သွားပြီးတဲ့နောက် ဒီလိုတရားစွဲခံရတာလို့ သိရပါတယ်။
ဒီဇင်ဘာ ၆ ရက်နေ့မှာ ရွာသား ၆ ဦးထဲက ၃ ဦးက ပင်လယ်လိပ်ကြီးကို ဖမ်းမိခဲ့တာဖြစ်ပြီး အခြားရွာသား ၃ ဦးကို ယွမ် ၄၀၀၀ (အမေရိကန်ဒေါ်လာ ၅၈၀) နဲ့ ရောင်းချခဲ့တာပါ။
အဲ့ဒီနောက် လိပ်ကြီးကို ဝယ်ခဲ့တဲ့ ရွာသား ၃ ဦးက လိပ်ရဲ့အသား ၁ ကီလိုဂရမ်ကို ယွမ် ၁၄၀ (အမေရိကန်ဒေါ်လာ ၂၀) နဲ့ အခြားရွာသားတွေကို ရောင်းချခဲ့တာလို့ သိရပါတယ်။
အလေးချိန် ၂၀၈ ကီလိုရှိတဲ့ ပင်လယ်လိပ်ကြီးကို ဖမ်းမိချိန်မှာ လိပ်က သေနေပြီလို့ ရွာသားတွေက ပြောခဲ့ပါတယ်။
တရုတ်နိုင်ငံမှာ ဒီလို leatherback ပင်လယ်လိပ်ကြီးအမျိုးအစား (အခြားလိပ်များ၏ ကျောကုံးများကဲ့သို့ မာမနေပဲ သားရေကဲ့သို့ ကျောကုံးရှိသော လိပ်အမျိုးအစား) တွေကို နိုင်ငံရဲ့ ကာကွယ်စောင့်ရှောက်မဲ့ ရေသတ္တဝါမျိုးစိတ်အဖြစ် စာရင်းသွင်းထားတာဖြစ်ပါတယ်။
ကမ္ဘာ့တောရိုင်းတိရစ္ဆာန် ငွေကြေး ထောက်ပံ့ရေးအဖွဲ့ကြီးက ဒီရေသတ္တဝါအမျိုးအစား အမတွေဟာ တကမ္ဘာလုံးမှာ ၂ သောင်းမှ ၃ သောင်းလောက်သာ ကျန်ရှိတော့လို့ မျိုးတုံးမပျောက်ကွယ်ဖို့ ပြင်းပြင်းထန်ထန် သတိပေးထားတယ်လို့လည်း သိရပါတယ်။
http://burmese.dvb.no/archives/179361

Post a Comment

Post a Comment

 
Top