0


 ရှမ်းပြည်နယ် မြောက်ပိုင်းဒေသတွင် ဖြစ်ပွားခဲ့ သော တိုက်ပွဲအခြေအနေများ တည်ငြိမ်လာမှုကြောင့် ကုန်စည် စီးဆင်းမှုနှင့် ကုန်သွယ်မှုမှ ရရှိ သည့် ငွေပမာဏသည် မူလအခြေ အနေအတိုင်း ပုံမှန်ပြန်လည်ရရှိ လာကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ သတင်းရရှိသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း တွင်မြန်မာ့ တပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့များဖြစ်ကြသည့် ကေအိုင်အေ၊ တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) နှင့် ကိုးကန့် (MNDAA)အဖွဲ့တို့အကြား နိုဝင်ဘာ တတိယပတ်မှ စတင်ကာ တိုက်ပွဲများ ဖြစ်ပွားခဲ့၍ ကုန်စည်စီးဆင်းမှု အခြေအနေရပ်တန့်ခဲ့ရသည်။
တိုက်ပွဲများဖြစ်ပွားအပြီး လက်ရှိတွင် ဒေသအတွင်း အခြေ အနေများ မူလအတိုင်း ပြန်လည် တည်ငြိမ်နေပြီဖြစ်၍ နေ့စဉ်ကုန် တင်ကားကြီးများ အစီးအရေ အတွက် ရာကျော် ဖြတ်သန်းသွား လာနေပြီဖြစ်သည်။ကုန်သွယ်မှု မှရရှိသည့် အခွန်ဝင်ငွေမှာ တစ်ရက်လျှင် အမေရိကန်ဒေါ်လာ ခုနစ်သန်းခန့်ရှိပြီး မူလပမာဏ အတိုင်း ပြန်လည်ရရှိနေပြီဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ပြောရေး ဆိုခွင့်ရှိသူ စီမံကိန်းနှင့်စီးပွားရေး ဝန်ကြီးဦးစိုးညွန့်လွင်က  ပြော သည်။ ‘‘ကုန်စည်စီးဆင်းမှု အခြေ အနေက ပုံမှန်အတိုင်း ပြန်ဖြစ်နေ ပါတယ်။ လုံခြုံရေးအတွက်ကို ပြည်သူတွေ အထိတ်တလန့် မဖြစ်စေဖို့အတွက် ပြည်ထောင်စု လမ်းမကြီး တစ်လျှောက်မှာလည်း ရှမ်းပြည်နယ်ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်မှုအရ နယ်လုံဝန်ကြီးကနေ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကို လုံခြုံရေးအတွက် ထပ်ပြီးအင်အား တိုးချဲ့ထားပါတယ်’’ဟု ၎င်းက ပြောသည်။
မူဆယ်ကုန်သွယ်မှု ဈေးနှုန်း များအနေဖြင့် သကြား၊ ဆန်၊ ပြောင်းဈေးများ မူလအတိုင်း တည်ငြိမ်နေပြီး ဖရဲသီးဈေးမှာမူ မြင့်တက်လျက်ရှိသည်ဟုလည်း မူဆယ်မြို့ ဒေသခံကုန်သည်တစ်ဦးက ပြောသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း တွင် မြန်မာ့တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များ ဖြစ်ကြသည့်  ကေအိုင်အေ၊ တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA)နှင့် ကိုးကန့် (MNDAA) အဖွဲ့တို့ အကြား နိုဝင်ဘာ တတိယပတ်ကစတင်ကာ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ကုန်စည်စီးဆင်းမှု တစ်ပတ်ကျော်ကြာ ရပ်တန့်ခဲ့ရ၍ တိုင်းပြည်အခွန်ဘဏ္ဍာ အမေရိကန်ဒေါ်လာ သန်းတစ်ရာကျော်အထိနစ်နာဆုံးရှုံးခဲ့ရသည်ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးမှ သိရသည်။
http://www.7daydaily.com/story/83448

Post a Comment

Post a Comment

 
Top