0


ပြည်တွင်းကားဈေးကွက် အတွင်း မူဝါဒ အပြောင်းအလဲ တည်ငြိမ်မှု မရှိသေး၍ ယာဉ်အ ရောင်းအဝယ် ရပ်တန့်နေသည့် အနေအထား ဖြစ်ပေါ်နေသော် လည်း ကားဈေးနှုန်းများ ကျဆင်း နိုင်ခြင်း မရှိကြောင်း မော်တော် ယာဉ်တင်သွင်း ရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင်နေသူများက ပြောသည်။
‘‘ကားဈေးကွက်ထဲမှာတော့ အပြောင်းအလဲတွေ ဖြစ်မယ်ဆို တဲ့ ကောလာဟလတွေနဲ့အတူ ဈေးကွက်အေးပြီး ကားအရောင်း အဝယ် ရပ်တန့်သလို ဖြစ်နေတယ်။ ဂျပန် ငွေကြေးဈေးကလည်း တက်တယ်။ အခွန်တွေများလာတော့ ကားဈေးကတော့ မကျနိုင်ဘူး။ အရောင်းအဝယ်လည်း လုပ်ရကိုင်ရ ခက်လာတယ်’’ ဟု စွယ်တော်ရိပ်ကားအရောင်းစင်တာမှ မန်နေဂျင်းဒါရိုက်တာ ကိုမျိုးဇင်ဝင်းက ပြောကြားသည်။
ယခုရက်ပိုင်းအတွင်း ပြည် တွင်း ကားဈေးကွက်တွင် အ ရောင်းအဝယ်ငြိမ်သက်နေပြီး ဈေးနှုန်းများမှာလည်း တည်ငြိမ်မှုမရှိ ဖြစ်နေသည်။  
ရောင်းဝယ်သူများကလည်း ကားတင်သွင်းမှုစရိတ်အချို့ မြင့်တက်လာ၍ အရောင်းအဝယ်အခက်အခဲ ရှိလာကြောင်း ရောင်းဝယ်သူများက ပြောသည်။
‘‘ကားတင်သွင်းတဲ့ စရိတ် တွေကလည်း မြင့်လာတော့ ဝယ် သူရှိတာတောင် ဈေးမရတော့ ရောင်းဖို့ခက်တယ်။ ဈေးနှုန်းတွေ ကလည်း သတ်မှတ်ချက်နှုန်းတစ် ခုအနေနဲ့ ရှိမနေဘဲ ရောင်းသူ၊ ဝယ်သူအဆင်ပြေသလို ရောင်း ဝယ်နေကြတယ်’’ဟု AyarwaddyPower  ကား အရောင်းစင်တာမှ ဦးမိုးကျော်စွာက ပြောသည်။
ကားဈေးကွက်နှင့် ဈေးနှုန်း များမှာ မူဝါဒတည်ငြိမ်လာလျှင် အရောင်းအဝယ်ပုံမှန်ပြန်လည် ဖြစ်လာမည်ဖြစ်ပြီး လက်ရှိတွင် လေလံဈေးမြင့်ခြင်း၊ ရန်ကုန်ကား ပါကင်ထောက်ခံချက် ယာယီရပ် ဆိုင်းထားခြင်းကြောင့် ရန်ကုန် လိုင်စင်နှင့် တင်သွင်းရန် ခက်ခဲ ခြင်း၊ ကားဟောင်းစလစ်ဈေးနှုန်း များ မြင့်တက်နေခြင်းတို့ကြောင့် ကားဝယ်မည့်သူနှင့် ရောင်းမည့် သူကြား ဈေးနှုန်းမတည့်ဘဲ အ ရောင်းအဝယ်ရပ်တန့်နေသည်။
ကားဈေးနှုန်းများသည် တင်သွင်းမှု မြင့်မားလာခြင်းကြောင့် ဈေးနှုန်း ကျဆင်းနိုင်ရန် မရှိသေးကြောင်း မော်တော်ယာဉ် တင်သွင်း ရောင်းချသူများက ပြောကြားသည်။

7Day News Journal

Post a Comment

Post a Comment

 
Top