0

Bangkok Post သတင်းစာ၌ စကားအသုံးအနှုန်း မှားယွင်းဖေါ်ပြခဲ့သော Envoy accepts Koh Tao ruling ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီး အများသိစေရန်
၂၆-၁၂-၁၅ ရက်နေ့ ညနေ ၄ နာရီခန့်မှာ Editor-in-Chief ရာထူးရှိတဲ့ Mr. Pichai Chuensuksawadi ကို ဖုန်းဆက်ပြီး မိမိသည် မြန်မာသံအမတ်ကြီး ဦးဝင်းမောင် ၏ ကိုယ်ရေးအရာရှိဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံဝန်ကြီး ချုပ်ရုံး ၀န်ကြီး ML Panadda Diskul နဲ့ သွားရောက်တွေ့ဆုံခဲ့စဉ်မှာဘာသာပြန်ပေး ခဲ့သူဖြစ်ကြောင်း၊ သံအမတ်ကြီးမှ (သေဒဏ်ချ မှတ်ခြင်းကိုလက်ခံသည်}ဟု သုံးနှုန်းခဲ့ခြင်းမရှိပဲ ၂၆-၁၂-၂၀၁၂ ရက်နေ့ထုတ် ဗန်ကောက်ပို့စ် သတင်းစာ မှာ Envoy accepts Koh Tao ruling ဟုဖေါ်ပြခဲ့သည့်အတွက် ပြင်းထန် စွာရှုံချပါကြောင်း၊ မည်သည့်အတွက်ကြောင့် ထိုဝေါဟာရ အားသုံးရသည်ကို သိလိုကြောင်း၊ သတင်းမှားဖြစ်သည့်အတွက် သင်တို့တာဝန်ယူရ မည် ဖြစ်ကြောင်း၊ နောက်နေ့ထွက်မည့်သတင်းစာတွင် ချက်ခြင်းဖြေရှင်း ချက် ပြန်လည်ဖေါ်ပြပေးဖို့လို မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
၎င်းမှ ဝေါဟာရ မှားယွင်းဖေါ်ပြမိသည်ဆိုပါက အနှူးအညွှတ်တောင်း ပန် ပါကြောင်း၊ ပြန်ပြင်စေလိုသော ဝေါဟာရကို၎င်းထံသို့ text ပို့ပေးစေ လိုကြောင်း ယခုကားမောင်းပြီးခရီးသွား နေချိန်ဖြစ်သောကြောင့် ဖုန်းပြောရန် သိပ်အဆင်မပြေပါကြောင်း၊ မိမိ၏ လက်ထောက် တစ်ဦးဖြစ်သူ Ms. Chanathorn (ခ) Kai အား ဆက်သွယ်စေကာ ပြေလည်အောင်ဖြေ ရှင်းပေးမည်ဖြစ်ကြောင်း ပြောကာ ဖုန်းချသွားပါတယ်။
(Mr. Pichai Chuensuksawadi, Editor-in-Chief, Tel: +66(0)81-837-2060, Office +66(0)2-616-4551, pichai@bangkokpost.co.th ဖြစ်ပါတယ် စိတ်ဝင်စားသူများစုံစမ်းမေးမြန်းအားပေးကြပါကုန်)
Mr. Kai (ခ) Ms. Chanathorn ဆိုတဲ့အမျိုးသမီးက ညနေ ၅း၁၃ နာရီမှာ text ပို့ပြီး ဆက်သွယ် လာတော့ ဖုန်းပြန်ဆက်သွယ်ကာ မိမိတို့၏ သံအမတ်ကြီးသည် ၄င်း၏ရပ်တည်ချက်သဘောထားကို တိကျမှန်ကန် စွာသိရှိစေလိုသည့်အတွက် ထိုင်း-မြန်မာဘာသာစကားဖြင့်သာ ဘာသာပြန်ဖြင့် ပြောခဲ့ခြင်းဖြစ်ကြောင်း၊ ထိုင်းဘာသာဖြင့် မီဒီယာမျိုးစုံမှ ထုတ်ပြန်ထားသော သတင်းများကို ပြန်လေ့လာစေလိုကြောင်း၊ နာမည်ကြီးမီဒီယာတစ်ခုဖြစ်ပြီး ထိုင်းဘာသာဖြင့်ဖြေကြားခဲ့ခြင်းကို မှန်ကန်စွာဘာသာပြန်တင်ပြခဲ့ခြင်းမရှိပဲ တာဝန်မဲ့စွာဤ သို့ဖေါ်ပြခြင်း အား ပြင်းထန်စွာကန့်ကွက် ရှုံ့ချပါကြောင်း ပြောပြီး၊ ထိုင်းမီဒီယာများမှ ထုတ်လွှင့်ထားသော သတင်းလင့်ခ် များကို ပေးပို့ခဲ့ပါသည်။
Mr. Kai (ခ) Ms. Chanathorn မှမိမိတို့သတင်းစာတိုက်အနေဖြင့် ၄င်းမှားယွင်းမှုအတွက် အနှူးအညွှတ်တောင်းပန်အပ်ပါကြောင်း၊ ၀န်ကြီးချုပ်ရုံးထိုင်သော အစိုးရအိမ်တော်တွင်တာဝန်ကျသည့် ဗန်ကောက်ပို့စ်အမြဲတမ်းသတင်းထောက်ထံမှ ပေးပို့သည့် သတင်းကို ဗန်ကောက်ပို့စ် သတင်းဝိုင်းတော်သားများမှ သတင်းပြန်လည်ဖေါ်ပြရာတွင် အနီးစပ်ဆုံးဝေါဟာရကိုသုံးနှုန်းခဲ့သည့်အတွက် ဤကဲ့သို့မှား ယွင်းခဲ့ခြင်းဖြစ်ကြောင်း၊ သံအမတ်ကြီးကိုလည်း မိမိတို့အမှား အတွက် တောင်းပန်ပါကြောင်းကို ပြန်လည်တင်ပြပေးစေလိုကြောင်း၊ နောင်တွင်အမှားအယွင်းမဖြစ်ရန် သတိပြုမည်ဖြစ်ကြောင်း၊
သံအမတ်ကြီး ပြန်လည်ပြင်ဆင်လိုသော အသုံးအနှုန်းကို text ပေးပို့စေလိုကြောင်း၊ ပြန်လည်ပြင်ဆင်ချက်အနေဖြင့် နောက်နေ့သတင်းစာ တတိယစာမျက်နှာတွင် ထည့်သွင်းဖေါ်ပြပေးမည်ဖြစ်ကြောင်း၊ အစရှိသဖြင့် တောင်းပန်ကြောင်းစကားတွေကို ရေပက်မ၀င်အောင်ပြောသွားခဲ့ပါတယ်။
ခင်ဗျားရဲ့စကားတွေကို သံအမတ်ကြီးထံတင်ပြပေးမည်ဖြစ်ကြောင်း၊ ယခု မိမိသည်နယ်တွင်ရောက်ရှိနေသဖြင်ဗန်ကောက်မြို့ မြန်မာသံရုံးပြန်ရောက်
သည်နှင့် တရားဝင်ရုံးစာပေးပို့မည်ဖြစ်ကြောင်း၊ သတင်းဖေါ်ပြစဉ်ကတော့ ရှေ့ဆုံးပထမစာမျက်နှာမှာ ဖေါ်ပြခဲ့ပြီး အမှားပြင်ဆင်ချက်ကို တတိယစာမျက်နှာမှာ ထည့်မည်ဆိုလျှင် လက်မခံနိုင်ကြောင်း၊ မနက်ဖြန်ထုတ် သတင်းစာ၌ ပထမစာမျက်နှာတွင်သာဖေါ်ပြရန်နှင့် မိမိသံရုံးပြန်ရောက်ပြီး တရားဝင်စာပို့နိုင်သည့်အချိန်အထိ သတင်းစာတိုက်တွင်စောင့်နေရန် လိုကြောင်း ပြောပြီး သံရုံးရောက်သည်အထိ အချိန်(၂)နာရီကျော်ခရီးကို ကားမောင်း ပြန်ခဲ့ရပါတယ်။
Mr. Kai (ခ) Ms. Chanathorn မှ ကျမစောင့်နေပါ့မယ်၊ မနက်ဖြန်ထုတ်သတင်းစာရဲ့ ပထမ စာမျက်နှာမှာ ဖေါ်ပြနိုင်ဖို့ကြိုးစားပေးပါ့မယ်လို့ ကတိပေးသွားပါတယ်။
(Mr. Kai (ခ) Ms. Chanathorn, Tel: +66(0)92-80-9062, email. chananthornk@bangkokpost.co.th ပါစုံစမ်းမေးမြန်းကြပါကုန်လော့)
သံရုံးက စာထုတ်ပြီးသူတို့ဆီကိုပို့တဲ့အချိန်ဟာ ည ၈ နာရီခွဲလောက်ရှိနေပါပြီ၊ အမှန်ဆိုရင် ကျွန်တော်ထိုင်းဘာသာနဲ့တုန့်ပြန်ရေးသားထားတဲ့ စာရှည်ကြီးကို ပေးဖို့ သံအမတ်ကြီးကို တင်ပြတော့ သဘောမတူပဲ၊ သံတမန်ဖြစ်နေသည့်အတွက် သံတမန်တစ်ဦး၏ သိက္ခာပုဒ်နဲ့အညီ မေတ္တာရပ်ခံသည်ဆိုသော အသုံးအနှုန်းကိုသာ သုံးမည်ဆိုသောကြောင့် ကျွန်တော်ရဲ့ ဒေါသသံပါနေသည့်ဗန်ကောက်ပို့စ်အတွက်တုန့်ပြန်စာရှည်ကြီးကို အိပ်ထဲခေါက်ထည့်ကာ သိမ်းလိုက်ရခဲ့ရပါတော့သည် ဖြစ်ပါကြောင်း။
ဒီနေ့(၂၇-၁၂-၁၅ ရက်နေ့) မနက်ထွက်လာတဲ့ဗန်ကောက်ပို့စ်သတင်းစာမှာဖေါ်ပြထားတာကို ဖတ်ကြည့်ပါ
အောင်စိုး(ဒေသခန့်)
မြန်မာသံရုံး
ဗန်ကောက်မြို့

Post a Comment

Post a Comment

 
Top