0

ဈေးကွက်တွင်းရှိ မသန့်သော ရေများနှင့် ပြန်ကြော်ဆီများကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန( FDA) နှင့် အခြား အဖွဲ့အစည်းများ ပူးပေါင်းထားသော ကွန်ရက်မှ စတင်စစ်ဆေးတော့မည် ဖြစ်ကြောင်း သိရသည်။
မြို့၊ ရွာ၊ ရပ်ကွက်များအတွင်း ရှိ ဈေးများ၊ ကျောင်းမုန့်ဈေးတန်း များနှင့် လမ်းဘေးဈေးသည်များကိုFDA မှ ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်နေသော်လည်း ဝန်ထမ်း အင်အားနှင့် ငွေကြေးအကုန်အကျ များခြင်းတို့ကြောင့် လုပ်ငန်း ဆောင်ရွက်မှုများ အားနည်းလျက် ရှိကြောင်း သိရသည်။
ထို့ကြောင့် စက်တင်ဘာလ ကုန်တွင်FDA နှင့်စည်ပင်၊ ရဲတပ် ဖွဲ့၊ အစိုးရအဖွဲ့အစည်းများနှင့် ကျန်းမာရေးဆိုင်ရာစားသောက် ကုန်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်း အသင်းအဖွဲ့များနှင့်ကွန်ရက်ကော် မတီ အစည်းအဝေးကျင်းပကာ လုပ်ငန်းစဉ်များကို အစီအစဉ်
ရေးဆွဲ၍ အကောင်အထည် ဖော် သွားမည်ဖြစ်သည်။ စစ်ဆေးမှု များကိုမူ အောက်တိုဘာတွင် စတင် လုပ်ဆောင်မည်ဟု သိရသည်။
FDA မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်က ”ပထမဆုံး ရေနဲ့
ပြန်ကြော်ဆီတွေကို စပြီး စစ်ဆေးမယ်။ အရေးယူ ဆောင် ရွက်သွားမယ်။ နောက် တခြား စားသောက်ကုန်၊ ဆေးဝါးနဲ့ အလှ ကုန် ဆိုင်ရာတွေကိုလည်း ဆက်ပြီး လုပ်ဆောင်သွားပါမယ်။
လုပ်ငန်း စဉ်က လောလောဆယ် သုံးချက် ပါတယ်၊ ပထမဦးဆုံး ပညာပေး မယ်၊ ပညာပေးလို့ မရရင် သတိ ပေးမယ်၊ အဲဒါမှ မရရင်တော့ တရားရုံးမှာ တရားစွဲပြီး အရေးယူ သွားပါမယ်” ဟု ပြောသည်။
လက်ရှိတွင် ပထမဦးဆုံး လုပ် ငန်းစဉ်အဖြစ် စားသောက်ကုန်၊ ဆေးဝါးနှင့်အလှကုန်များအနက် သုံးစွဲရန်မသင့်သော ပစ္စည်းများကို
ဝက်ဘ်ဆိုက်တွင် အချိန်နှင့် တပြေး ညီလွှင့်တင်ပေးနိုင်ရန်FDA က စီစဉ်လျက်ရှိသည်။
အဆိုပါအစီအစဉ်နှင့်ပတ် သက်၍ မြန်မာနိုင်ငံဆေးနှင့် ဆေး ပစ္စည်း ကုန်သည်များနှင့် လုပ်ငန်းရှင် များအသင်းအကြံပေး ဒေါက်တာ စောလှထွန်းက ”FDA အနေနဲ့ သတင်းထုတ်ပြန်မှုနဲ့ ပွင့်လင်းမြင် သာမှုရှိဖို့လိုပါတယ်။ ဝက်ဘ်ဆိုက် မှာလည်း အန္တရာယ်ရှိတဲ့ အစားအစာ တွေ၊ ဆေးဝါးတွေ၊ အလှကုန် ပစ္စည်းတွေကို အချိန်နဲ့တပြေးညီ တကယ်ပဲ ထုတ်ပြန်ပေးဖို့ လိုပါ တယ်” ဟု မှတ်ချက်ပြု သည်။
FDA သည် နာမည် အမှတ် တံဆိပ် မရှိသော ငါးပိ၊ ငါးခြောက် များနှင့် ငရုတ်သီးမှုန့်များ ရောင်းချ နေသူများကိုလည်း ရှောင်တခင် စစ်ဆေးကာ သတိပေးခြင်းနှင့် အရေးယူခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ဇူးဇူး

Popular News Journal

Post a Comment

Post a Comment

 
Top